ဘူးသီးတောင်တွင် မီးလောင်၊ နေအိမ်သုံးလုံးဆုံးရှုံး


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၀

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယမန်နေ့ညက မီးလောင်မှု ဖြစ်ပွားရာမှ နေအိမ် ၃ လုံး မီးလောင်ကျွမ်းသွားသည်ဟု သတင်းရရှိသည်။

“ မီးလောင်တာက ဘူးသီးတောင်မြို့၊ ၄ ရက်ကွပ် မာမောက်ဟူဆောင်အိမ်က လောင်တာပါ။ လောင်တာက ည ၉ နာရီ ၄၅ မိနစ်မှာ စလောင်ပါတယ်။ ၁၀ နာရီနဲ့ ၁၅ မိနစ်မှာ မီးငြိမ်းသတ် နိုင်ခဲ့ပါတယ်” ဟု ဘူးသီးတောင်မြို့နယ်မှူး ရဲမှူးကျော်သူဝင်းက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

မီးလောင်မှုကြောင့် နေအိမ် သုံးလုံးဆုံးရှုံးသွားပြီး မီးစတင်လောင်သည့် ဦးမာမောက်ဟူဆောင် (၅၀) နှစ်(ဘ) ချော်ဒူရာမန်ကို မီးပေါ့ဆမှုကြောင့် အရေးယူထားသည်ဟု သိရသည်။

“ မီးကတော့ ပေါ့ဆမီးပါ။ မီးကြွင်းမီးကျန်ကနေ လောင်တာပါ။ အိမ်ရှင်ဖြစ်သူက ရဲစခန်းမှာ မီးကြွင်း မီးကျန်က လောင်တယ်လို့ ၀န်ခံထားပါတယ်” ဟု မြို့နယ်မှူး ရဲမှူးကျော်သူဝင်းက ပြောကြားသည်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးမှာ မီးသတ်တပ်ဖွဲ့၏ တွက်ချက်ချအရ တစ်သိန်းကျော်ဖိုးရှိကြောင်း ရဲမှူးက ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
ဘူးသီးတောင်တွင် မီးလောင်၊ နေအိမ်သုံးလုံးဆုံးရှုံး ဘူးသီးတောင်တွင် မီးလောင်၊ နေအိမ်သုံးလုံးဆုံးရှုံး Reviewed by THITHTOOLWIN on 09:51 Rating: 5
Powered by Blogger.