မန်းရွှေစက်တော်ဘုရားတွင် မီးလောင်မှုဖြစ်ပွား


မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားမှာ ဖေဖော်ဝါရီ(၁၉)ရက်ညနေ(၃)နာရီက အုတ်ညှပ် တစ်ထပ်တိုက်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆောက်အဦထဲမှာ ဘုရားဖူးတွေဝင်ရောက်အိပ်စက်စဉ် ကုတင်ပေါ်မှာထားခဲ့တဲ့ ဆေးလိပ်မီးကတစ်ဆင့် စတင်လောင်ကျွမ်းတာဖြစ်တယ်လို့ မင်းဘူးခရိုင်မီးသတ်တပ်ဖွဲ့ရုံးက သိရပါတယ်။

 မီးလောင်မှုကို ရွှေစက်တော် ယာယီမီးသတ်စခန်းကမီးငြိမ်းသတ်ယာဉ် ၄စီး၊ ရေစုပ်စက် ၅လုံး၊ မီးသတ်တပ်ဖွဲ့ဝင် (၆၀)ကျော်နဲ့ ငြှိမ်းသတ်ခဲ့ရာ (၃)နာရီခွဲအချိန်မှာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် အဆောက်အဦနဲ့ အထဲရှိ ကုတင်(၁၀)လုံး၊ Air Con (၄)လုံး၊ ရေခဲသေတ္တာ(၁) လုံး မီးလောင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်(၁၄)သိန်းခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

 မီးလောင်မှုနဲ့ပတ်သက်ပြီး အဆောက်အဦတင်ဒါရရှိထားသူကို ပုဒ်မ(၂၈၅)နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ ခရိုင်မီးသတ်တပ်ဖွဲ့ရုံးဆီက သိရပါတယ်။ ဂေါပကအဖွဲ့ပိုင်အဆောက်အဦကို တင်ဒါခေါ်ယူရာမှာ မင်းဘူးမြို့အမှတ်(၂)ရပ်ကွက်နေသူတစ်ဦးက တင်ဒါရရှိခဲ့ပြီး အဆောက်အဦမှာ တံခါးမရှိတဲ့အတွက် ဘုရားဖူးတွေ ဝင်ရောက်အိပ်စက်ရာက မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို မကွေးဗျူရိုက စိုးစိုးဦးပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
မန်းရွှေစက်တော်ဘုရားတွင် မီးလောင်မှုဖြစ်ပွား မန်းရွှေစက်တော်ဘုရားတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 07:57 Rating: 5
Powered by Blogger.