ပဲခူးရိုးမ၌ တောဆင်ရိုင်း တစ်ကောင်တူမီးသေ နတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးမှုဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုနယ်မြေရဲစခန်းအပိုင် ပဲခူးရိုးမတောင်ပေါ် ရဲနွယ်သစ်တောကြိုးဝိုင်းအကွက် အမှတ်(၇)ရိုးကြီးချောင်းဖျား၌ ဖေဖော်ဝါရီ ၂၆ရက် ညနေ ၃နာရီကတောဆင်ရိုင်းတစ်ကောင် တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်းအရဆင် သေဆုံးသည့်နေရာသို့ ပဲခူးခရိုင်သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှ ဒုရဲမှုး
နေထွန်းလင်းနှင့် တပ်ဖွဲ့ဝင်များ ဖဒိုစခန်းမှုးရဲအုပ်ရဲထွဋ်ကိုနှင့် ပ်ဖွဲ့ဝင်များ တောအုပ်ကြီးဦးမင်းသူနှင့် သစ်တောဝန်ထမ်းများ ဆင်ဆရာဝန်ဒေါက်တာသိန်းစိုးနှင့် အဖွဲ့များသည် ဆင်သေဆုံးမှုနှင့်ပတ်သက်ပြီး စစ်ဆေးမှုများပြုလုပ်ရာ သေဆုံးဆင်မှာ ဟန်ကုတ်ဆင်အမျိုးအစားဖြစ်ပြီး အလျား ၈ပေ ၇လက်မ လုံးပတ် ၁၄ပေ အရပ်အမြင့် ၉ပေနှာမောင်းအရှည် ၅ပေ ၃ လက်မ အသက် ၃၀နှစ်ခန့် သစ်ခွံထိုး အစွယ်ရှိ(အထီး) အနက်ရောင် တောဆင်ရိုင်း၌ ယာဘက်လည်ပင်းတွင်ဖောက်ထွင်း ဒဏ်ရာရရှိပြီး သေဆုံးနေကြောင်းတွေ့ရှိရသဖြင့် ဆင်ဆရာဝန်မှတ်ချက်အရတူမီးသေနတ်ဖြင့် ပစ်ခတ်ခံရကာသေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးဆင်အား အခင်းဖြစ်နေရာတွင် တောအုပ်ကြီးဦးမင်းသူနှင့်အဖွဲ့မှ မီးရှို့သင်္ဂြိုလ်ခဲ့ပြီး ဆင်အားပစ်ခတ်ခဲ့သည့် ဆင်မုဆိုးများအား ဖမ်းဆီးရမိနိုင်ရေးအတွက် သစ်တောရဲတပ်ဖွဲ့ ဖဒိုနယ်မြေရဲစခန်းမှုးနှင့်အဖွဲ့များ သစ်တောဝန်ထမ်းများမှ လိုက်လံစုံစမ်းရှာဖွေ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပဲခူးရိုးမ၌ တောဆင်ရိုင်း တစ်ကောင်တူမီးသေ နတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးမှုဖြစ်ပွား ပဲခူးရိုးမ၌ တောဆင်ရိုင်း တစ်ကောင်တူမီးသေ နတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.