ငပိဆိတ်ကျေးရွာ ရေဆင်းချိုးရာမှ လူနှစ်ဦး ရေနစ်သေဆုံး

ငဝန်မြစ်တွင်းရေဆင်းချိုးရာမှရေနစ်သေဆုံး။ ။ ဓါတ်ပုံ - ကရုဏာ လူမူကူညီရေး အသင်း - ရေကြည်မြို့ 
ရေကြည် ဖေဖော်ဝါရီ ၎

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ဘွဲ့ငူကျေးရွာအုပ်စု ငပိဆိပ်ကျေးရွာ၌ ဖေဖော်ဝါရီ ၃ ရက်တွင် ငဝန်မြစ်အတွင်း လူငါးဦး ရေဆင်းချိုးရာမှ လူနစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သည်။

 ယင်းဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၄ ရက် နံနက် ၉ နာရီခွဲတွင် ရေကြည်မြို့မရဲစခန်း ရဲအုပ်ဝင်းနိုင်(ခေတ္တစခန်းမှူး) တာဝန်မ်းဆောင်နေစဉ် ရေကြည်မြို့နယ် ဘွဲ့ငူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ငပိဆိတ်ကျေးရွာ သင်္ဘောဆိပ်ပိုင်းနောက်ဘက်ရှိ ငဝန်မြစ်အတွင်း ရေနစ်သေဆုံးသည့် အမျိုးသားနှစ်ဦး တွေ့ရှိကြောင်း ဖုန်းဖြင့်အကြောင်းကြားသဖြင့် တာဝန်မှူး ဒုရဲအုပ် ဘိုဘိုဟိန်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအေးသန်း၊ ကျေးရွာတာဝန်ခံ ဦးကျော်လွင်တို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။

 ဖေဖော်ဝါရီ ၃ ရက် ညနေ ၄ နာရီခွဲက ကျော်စွာဝင်း၊ ဇင်မင်းလတ်၊ ဝေလု(ရေနံချေးသုတ်လုပ်သားများ)တို့နှင့်အတူ ရေဆင်းချိုးရာမှ ပျောက်ဆုံးနေသူ ဟိန်းမြတ်သူ(၃၁)နှစ်နှင့် ထက်မင်းပိုင်(ခ)ကိုထက် (၂၃)နှစ် ရေနံချေးသုတ်လုပ်သား မြို့မ(၂)ရပ်ကွက် ညောင်လေးပင်မြို့ ပဲခူးတိုင်းဒေသကြီးတို့ နှစ်ဦးမှာ လက်များကွေးကောက်၊ နှုတ်ခမ်းပြာ၊ လက်ချောင်းများ အရေခွံတွန့်အနေအထားဖြင့် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ရေနစ်သေဆုံးနေသည်ကို တွေ့ရှိရပြီး ရေနစ်သေဆုံးသူနှစ်ဦး၏ အလောင်းများအား ယနေ့ နံနက် ၉ နာရီတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့သဖြင့် သေဆုံးသူဟိန်းမြတ်သူနှင့် ထက်မင်းပိုင်တို့ နှစ်ဦး ရေနစ်သေဆုံးမှုမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မင်းဇော်ဦး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ