ချမ်းမြသာစည်မြို့နယ်အတွင်း တပ်မတော်မှ ဗိုလ်ကြီးအဆင့်ဖြင့် အယောင်ဆောင်၍ တရားမ၀င် ကျောက်စိမ်း အရိုင်းတုံးများ သယ်ဆောင်လာသူအားဖမ်းဆီးရမိ


နေပြည်တော် ၊ ဖေဖော်ဝါရီ - ၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၄၈ လမ်းနှင့် အောင်ဇေယျလမ်းထောင့်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ဇန်န၀ါရီ ၃၁ ရက် နံနက်ပိုင်းတွင် ယာဉ်သွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် စောသန်းဇော်ဦး (ဘ)ဦးလှအေး မောင်းနှင်လာသော Crown အမျိုးအစား (လိုင်စင်မဲ့)ယာဉ်အမှတ်၊ YGN/--- အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်၏နောက်ဖုံးအတွင်းမှ ဂုန်နီအိတ်ဖြင့်ထည့်ထားသော တရားမ၀င် ကျောက်စိမ်းအရိုင်းတုံး ဆိုဒ်စုံ ၇ တုံးနှင့်အတူဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ စောသန်းဇော်ဦးသည် နယ်ခြားစောင့်တပ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသူ အဖြစ် တပ်ဖွဲ့ဝင်ကဒ်နှင့် စာရွက်စာတမ်းအတုများကိုင်ဆောင်ထားသူဖြစ်ပြီး တပ်မတော်သား အယောင် ဆောင်၍ တရားမ၀င် ကျောက်စိမ်းတုံးများ သယ်ဆောင်လာသူဖြစ်ကြောင်းသိရှိရသည်။

အဆိုပါဖမ်းဆီးရမိသူ၊ မော်တော်ယာဉ်နှင့် ကျောက်စိမ်းတုံးများအား အောင်ပင်လယ်ရဲစခန်းနှင့် မန္တလေးမြို့ အကောက်ခွန်ဦးစီးဌာနများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်းနှင့် တရားဥပဒေအရအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
ချမ်းမြသာစည်မြို့နယ်အတွင်း တပ်မတော်မှ ဗိုလ်ကြီးအဆင့်ဖြင့် အယောင်ဆောင်၍ တရားမ၀င် ကျောက်စိမ်း အရိုင်းတုံးများ သယ်ဆောင်လာသူအားဖမ်းဆီးရမိ ချမ်းမြသာစည်မြို့နယ်အတွင်း တပ်မတော်မှ ဗိုလ်ကြီးအဆင့်ဖြင့် အယောင်ဆောင်၍ တရားမ၀င် ကျောက်စိမ်း အရိုင်းတုံးများ သယ်ဆောင်လာသူအားဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.