မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံထားရသူကို တရားသေလွှတ်

မတရားအသင်း ဆက်သွယ်မှုနဲ့ ဖမ်းဆီး တရားစွဲဆိုခံခဲ့ရတဲ့ ကိုအမ်းသားကြီးကို တွေ့ရစဉ်/ Photo: Than Shwe's facebook
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တရားရုံးမှာ မတရားအသင်း ဆက်သွယ်မှုနဲ့ ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ ကိုအမ်းသားကြီးကို တရားရုံးက ဒီနေ့ တရားသေ လွှတ်လိုက်ပါတယ်။

စွဲချက်တင်သင့် မတင်သင့်ကို တရားရုံးက ဆုံးဖြတ်ရာမှာ တရားလိုရဲ့ စွပ်စွဲချက်တွေဟာ အမှုအကြောင်းခြင်းရာတွေ နဲ့ လွဲချော်နေတယ်ဆိုပြီး စွဲချက်မတင်ဘဲ လွှတ်ပေးလိုက်တာလို့ ကိုအမ်းသားကြီးရဲ့ ရှေ့နေ ဦးထွန်းလှက ပြောပါတယ်။

မြောက်ဦးမြို့ မြတန်ဆောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ပြီးခဲ့တဲ့နှစ် ဧပြီလက ရက္ခိုင့်တပ်မတော် AA ၈ နှစ်မြောက် အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ကျင်းပတာနဲ့ ဆက်နွယ်ပြီး ကိုအမ်းသားကြီးကို မတရားအသင်း ဆက်သွယ်မှုနဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

အဲဒီအမှုမှာ မြောက်ဦးအခြေစိုက် ခမရ- ၅၄၀ တပ်ရင်းက တရားလိုလုပ်ပြီး မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရ နဲ့ ကိုခိုင်နီမင်းတို့ကို မတရားအသင်းဆက်သွယ်မှုနဲ့ တရားစွဲဆိုပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ မြောက်ဦးမြို့နယ် တရားရုံးက ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခဲ့ပါတယ်။

ကိုအမ်းသားကြီးဟာလည်း အဲဒီအမှုနဲ့ပဲ နောက်ဆက်တွဲ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ရက္ခိုင့်တပ်မတော်ဖလား ဘောလုံးပွဲကျင်းပတာနဲ့ ဆက်နွယ်ပြီး မြတန်ဆောင်းဆရာတော်ရဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို အစိုးရက ပိတ်သိမ်းခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese
မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံထားရသူကို တရားသေလွှတ် မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံထားရသူကို တရားသေလွှတ် Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.