မန္တလေး ချမ်းမြသာစည်မြို့နယ်တွင် ပန်ကာ အပူလွန်ကဲရာမှ မီးလောင် မှုဖြစ်ပွား


ဖေဖေါ်ဝါရီ ၁၈ ။

မန္တလေး၊ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(၄)ရပ်ကွက်၊လမ်း၆၀နှင့်၆၁ လမ်း ကြား၊ဇွန်လမ်းနင့် ပိတောက် လမ်းကြားနေအိမ်တစ်ခုတွင် ဖေဖေါ်ဝါရီ၁၈ ရက်၊မွန်းတည့်၁၂ နာရီခန့်က မျက်နှာကျက် ပန်ကာအပူ လွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းခရိုင်မီးသတ် ဥိးစီးဌာနမှသိရသည်။

နေအိမ်ပိုင်ရှင် အမျိုးသမီးသည် နေအိမ်အပေါ်ထပ်မျက်နှာကျတ်ပန်ကာကို ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်ပြီး ယင်းပန်ကာ၏ ကွိုင်ထုပ်အပူလွန်ကဲကာ မီးစတ င်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ခရိုင်မီးသတ် တပ်ဖွဲ့မှူး ဦးသန်းနိုင်က ပြောကြားသည်။

မီးလောင်မှုကို Level 3 သတ်မှတ်ကာ မီးသတ်တပ်ဖွဲ့က သတ်မှတ်ခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ် လေးလုံး ပျက်ဆီးဆုံးရှုံးခဲ့ပြီး အခြားအိမ် သုံးလုံး ခန့်လည်း မီးအနည်းငယ်လောင်ကျွမ်းခဲ့ကြောင်းရပ်ကွက်အတွင်းနေသူများ ထံမှသိရသည်။

ဆုံးရှုံးမှုခန့်မှန်းတန်ဖိုး ၃၄၅၀၀၀၀ ကျပ်ခန့်ဖြစ်၍ လူထိခိုက်ဒဏ်ရာရရှိမှု မရှိ ခဲ့ကြာင်းနှင့် မီးပေါ့ဆသူ အား ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ နယ်မြေရဲ စခန်းတွင်(ပ) ၇၉/၂၀၁၈၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးအရေးယူထားေ ကြာင်း သိရသည်။

Mandalay News
https://www.facebook.com/lin.aung.777
မန္တလေး ချမ်းမြသာစည်မြို့နယ်တွင် ပန်ကာ အပူလွန်ကဲရာမှ မီးလောင် မှုဖြစ်ပွား မန္တလေး ချမ်းမြသာစည်မြို့နယ်တွင် ပန်ကာ အပူလွန်ကဲရာမှ မီးလောင် မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:23 Rating: 5
Powered by Blogger.