ဦးလေးဖြစ်သူမှ အသက်(၄)နှစ်အရွယ် တူမဖြစ်သူအား မုဒိန်းကျင့်မှု


၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ ၀၉း၃၀ အချိန်ခန့် က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ သံလမ်းဘေး ကျူတောအတွင်း အသက် (၄)နှစ်အရွယ် တူမဖြစ်သူ မဝတ်ရည်မြင့်အား ဦးလေးဖြစ်သူ လူဇော်(ခ)ဆန်နီ (၃၃)နှစ်မှ သားမယား ပြုကျင့်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဖြစ်စဉ်မှာ ပုဇွန်တောင်မြို့နယ်၊ (၃)ရပ်ကွက်နေ ဒေါ်××××၊ (၃၅)နှစ်သည် အဝတ်လျှော်ရန် နေအိမ်မှ ထွက်ခွာသွားစဉ် သမီးဖြစ်သူ မ ××××၊ (၄)နှစ်အား ဖခင် ဦးမြင့်ဌေးနှင့် ထားရှိခဲ့ပြီး ၁၃၀၀ အချိန်တွင် ဒေါ်×××× နေအိမ်သို့ ပြန်ရောက်ချိန် သမီးဖြစ်သူအား မတွေ့သဖြင့် ခင်ပွန်းအား မေးမြန်းရာ ဒေါ်××××၏ မောင်အရင်းတော်စပ်သူ လူဇော်(ခ)ဆန်နီ၊ (၃၃)နှစ်မှ ခေါ် ဆောင်သွားကြောင်း သိရှိရ၍ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ဘဲ ဖြစ်နေကြောင်း သိရသည်။

 ၎င်းအချိန်တွင် မေတ္တာညွန့်ရပ်ကွက်၊ သံလမ်းဘေး ကျူတောအတွင်း မဝတ်ရည်မြင့်အား လူဇော်(ခ)ဆန်နီမှ သားမယား ပြုကျင့်ခဲ့သဖြင့် ထိန်းသိမ်းထားကြောင်း တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဖုန်းဆက်အကြောင်းကြားလာ ပါသည်။

 ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးသို့လိုက်သွားခဲ့ပြီး သမီးဖြစ်သူအားမေးမြန်းရာ မ ×××× မှာ ကြောက်လန့်နေသောကြောင့် မေးမြန်း၍မရပေ။ ထို့နောက် ၁၅၄၅ အချိန်တွင် ဒေါ်×××× မှ တိုင်တန်းသဖြင့် လူဇော်(ခ)ဆန်နီ (ဖမ်းမိ)အား တာမွေမြို့မရဲစခန်း (ပ)၁၁၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ (မုဒိမ်းမှု/ကလေးသူငယ်ခိုးမှု) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း  ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ဦးလေးဖြစ်သူမှ အသက်(၄)နှစ်အရွယ် တူမဖြစ်သူအား မုဒိန်းကျင့်မှု ဦးလေးဖြစ်သူမှ အသက်(၄)နှစ်အရွယ် တူမဖြစ်သူအား မုဒိန်းကျင့်မှု Reviewed by THITHTOOLWIN on 22:05 Rating: 5
Powered by Blogger.