တရားမဝင် မြွေမျိုးစုံ ၂ဝ၆ ကောင် ဖမ်းမိ


 ဖေဖော်ဝါရီ ၉ ရက်က မူဆယ် မြို့နှင့် မန္တလေးမြို့များသို့ သွားရောက်မည့် ယာဉ်များအား ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေး အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်စဉ် မူဆယ်သို့ သွားရောက် မည့် Van မော်တော်ယာဉ်တစ်စီးအား စစ်ဆေးခဲ့ရာ တင်သွင်းတင်ပို့ခြင်းကန့်သတ်ထားသည့် တရားမဝင် မြွေမျိုးစုံ ၂ဝ၆ ကောင်နှင့် ပစ္စည်းသယ်ဆောင်သည့် ယာဉ်တစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄ ဒသမ ၅၅ဝ သန်းခန့်အား စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ၂ဝ၁၇ မတ် ၁ ရက်က စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်တွင် မ္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၉၉၈ စီး ၊ သွင်းကုန် ၁ဝ၅၁ စီး ၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန်အစီး ၅ဝ ၊ သွင်းကုန် ၁၅၁ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက် ရှိသည်။

အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း ၊ တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁ဝ ရက်က မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းက တားဆီးမှုတစ်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ဝ ဒသမ ၃ သန်းခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

သစ်ထူးလွင်

တရားမဝင် မြွေမျိုးစုံ ၂ဝ၆ ကောင် ဖမ်းမိ တရားမဝင် မြွေမျိုးစုံ ၂ဝ၆ ကောင် ဖမ်းမိ Reviewed by THITHTOOLWIN on 11:26 Rating: 5
Powered by Blogger.