ကလေးငယ်အား မိခင်အရင်းမှ ပိုက်ဆံခိုးလို့ဆိုပြီး မီးပူနှင့်ကပ် ဆုံးမ


ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့ ခင်း ၁၂ နာရီအချိန်ခန့် က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဝါယာလတ်ပေါက်ကုန်း အပိုင် ၁၁ တွင် လိုင်းခန်းငှားနေသော အမျိုးသမီးတဦးသည်ကလေး၂ဦး မွေးဖွားထားပြီး သားအကြီးကောင်အား ပိုက်ဆံခိုးသည်ဟုဆိုကာ မီးပူအား အပူပေးပြီး ခန္ဓာကိုယ်အနှံ မီးပူဖြင့် ကပ်ဆုံးမမှု့ ဖြစ်ပွားခဲ့သည်။


 ကလေးငယ် အသက် ၁၁ အရွယ် ၄တန်းကျောင်းသားမှာ အပူလောင်ဒဏ်ရာများ ရရှိ ခဲ့တာကြောင့် ပတ်ဝန်းကျင်မှ ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့သို့ ဖုန်းဆက်အကူအညီ တောင်းခံသဖြင့်ကလေးငယ်အား မေဓါဝီဆေးရုံမှတဆင့် ရန်ကင်းကလေးဆေးရုံသို့ ကျောင်အုပ်ဆရာမကြီးနှင့်အတူ ပို့ဆောင်ကူညီပေးခဲ့ပါသည်။


အဆိုပါ အမှုအား မင်္ဂလာဒုံမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များအမျိုးသမီးရေးရာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ ဝိုင်ဝန်းကူညီပြီး မိခင်အား အရေးယူမှု့ ဆက်လက် ဆောင်ရွက်နေသည်ဟု သိရပါသည်။

ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့
Htin Lin Aung (fb)
ကလေးငယ်အား မိခင်အရင်းမှ ပိုက်ဆံခိုးလို့ဆိုပြီး မီးပူနှင့်ကပ် ဆုံးမ ကလေးငယ်အား မိခင်အရင်းမှ ပိုက်ဆံခိုးလို့ဆိုပြီး မီးပူနှင့်ကပ် ဆုံးမ Reviewed by THITHTOOLWIN on 22:20 Rating: 5
Powered by Blogger.