လီဆူ ၂၁ ဦး ဖမ်းဆီးခံရမှုကို ကန့်ကွက်ကြောင်း လီဆူပါတီ ကြေညာချက်ထုတ်

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းတွေ KIA အဖွဲ့က ဖျက်ဆီးထားတာကို ၂ဝ၁၈ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်နေ့က တွေ့ရစဉ်/ ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပေါ်က တံတားနှစ်စင်းကို ကေအိုင်အေက ဖျက်ဆီးတာနဲ့ လီဆူတိုင်းရင်းသား ၂၁ ယောက်ကို အဓမ္မဖမ်းဆီးသွားတာကို ကန့်ကွက်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီက ဒီကနေ့ညနေမှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဌ ဦးဆီဖာလာလူးက RFA ကို အခုလို ပြောပါတယ်။

အဲဒီထုတ်ပြန်ကြေညာချက်ထဲမှာ အတင်းဓမ္မဖမ်းဆီး ခေါ်ဆောင်ခံထားရသူတွေကို အမြန်ဆုံးပြန်လွတ်ပေးဖို့နဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ အမြန်ဆုံး တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ တိုက်တွန်း ထားပါတယ်။

စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှာ တပ်မတော်နဲ့ ကေအိုင်အေ တို့ရဲ့ ဖမ်းဆီးတာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဒေသခံတိုင်းရင်းသားတွေကို နှစ်ပေါင်းများစွာ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
လီဆူ ၂၁ ဦး ဖမ်းဆီးခံရမှုကို ကန့်ကွက်ကြောင်း လီဆူပါတီ ကြေညာချက်ထုတ် လီဆူ ၂၁ ဦး ဖမ်းဆီးခံရမှုကို ကန့်ကွက်ကြောင်း လီဆူပါတီ ကြေညာချက်ထုတ် Reviewed by THITHTOOLWIN on 23:14 Rating: 5
Powered by Blogger.