ဗုဒ္ဓဂါယာ ဘုရားဖူးတွေကို တိုက်ခိုက်ဖို့ အကြမ်းဖက်အဖွဲ့ စီစဉ်


ဗုဒ္ဓဘာသာဝင်အများစုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေ သတ်ဖြတ်နှိပ်စက်ခံရမှုကို လက်စားချေတဲ့အနေနဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားအခြစိုက် JMB (Jamatul Mujaheeden Bangladesh) မွတ်ဆလင်အကြမ်းဖက်အဖွဲ့ ဟာ အိန္ဒိယနိုင်ငံက ဗုဒ္ဓဘာသာထွန်းကားခဲ့ရာဒေသတွေကို လာရောက်တဲ့ ဘုရားဖူးတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

အဲဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ ဂျန်နဝါရီ ၁၉ ရက်နေ့က ဗုဒ္ဓဂါယာကို တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား ဘုရားဖူးကြွရောက်နေစဉ် ဖြစ်ပွားတဲ့ ဗုံးခွဲမှုကို စီစဉ်ခဲ့တဲ့အဖွဲ့ဖြစ်တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။

JMB အဖွဲ့ဝင် ၂ ဦးကို အနောက်ဘင်္ဂလားပြည်နယ်မှာ ကလကတ္တားရဲတပ်ဖွဲ့ကဖမ်းဆီးမိခဲ့ပြီး သူတို့ရဲ့ ထွက်ဆိုချက်အရ JMB ဟာ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘီဟာပြည်နယ်တွေကို လာရောက်တဲ့ ဗုဒ္ဓဘာသာဝင် ဘုရားဖူးတွေကို တိုက်ခိုက်ဖို့အတွက် အဖွဲ့ငယ် ၈ ဖွဲ့ကို ဖွဲ့စည်းထားကြောင်းနဲ့ အဖွဲ့ငယ်တခုမှာ အကြမ်းဖက်သမား ၁ဝ ဦးကနေ ၁၂ ဦးအထိပါဝင်ကြောင်း သိရပါတယ်။

အဲဒီ JMB အဖွဲ့ဟာ ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့တွေဖြစ်ကြတဲ့ Aqa Mul Mujahideen အကာမူလ် မူဂျာဟီဒင်းနဲ့ Jaish-e-Mohammad ဂျေးအီမိုဟာမက် အဖွဲ့တွေနဲ့ အဆက်အသွယ် ရှိတယ်လို့လည်း ကလကတ္တားပြည်နယ် အထူးရဲတပ်ဖွဲ့ အကြီးအကဲ Sharma ရှားမား ကပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဗုဒ္ဓဂါယာ ဘုရားဖူးတွေကို တိုက်ခိုက်ဖို့ အကြမ်းဖက်အဖွဲ့ စီစဉ် ဗုဒ္ဓဂါယာ ဘုရားဖူးတွေကို တိုက်ခိုက်ဖို့ အကြမ်းဖက်အဖွဲ့ စီစဉ် Reviewed by THITHTOOLWIN on 09:22 Rating: 5
Powered by Blogger.