မန်းရွှေစက်တော်ဘုရား တည်းခိုဆောင်တွင် မီးလောင်မှုဖြစ်ပွား


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး (စကု)မြို့နယ် မန်းရွှေစက်တော်ဘုရားရှိ တည်းခိုဆောင်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့  ယနေ့ ၃ နာရီ ၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ချက်အရ သိရသည်။


အဆိုပါ မီးလောင်မှုအား ရွှေစက်တော်(ယာယီ)မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ (HNE) Water Mist မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်စက်ယာဉ်တစ်စီး၊ ပေါင်းလေးစီး၊ သန္ဓေမီးသတ်(၁၅)ဦး၊ အရန်မီးသတ်(၄၅)ဦးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၃ နာရီ ၃၅ မိနစ်ခန့်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်

မန်းရွှေစက်တော်ဘုရား တည်းခိုဆောင်တွင် မီးလောင်မှုဖြစ်ပွား မန်းရွှေစက်တော်ဘုရား တည်းခိုဆောင်တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:40 Rating: 5
Powered by Blogger.