ရိုဟင်ဂျာဒုက္ခသည်တွေကို ကျွန်းပြောင်းဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရအားထုတ်


ဘင်္ဂလားပင်လယ်အော်နားက ဒီရေအမြဲတက်ပြီး ရွှံ့နွံထူထပ်တဲ့ ကျွန်းလေးတကျွန်းမှာ ရိုဟင်ဂျာဒုက္ခသည် ၁ သိန်း နေထိုင်ဖို့နေရာကို ဘင်္ဂလေားဒေ့ရှ်အစိုးရက ပြင်ဆင်နေတာ အတော်အသင့်ပြီးနေပြီဖြစ်ပါတယ်။

ကော့ဆစ်ဘဇားက ဒုက္ခသည်စခန်းမှာ လူဦးရေပြွတ်သိပ်လွန်းနေတာကို ယာယီဖြေရှင်းဖို့ အဲဒီနေရာမှာစီစဉ်နေတာလို့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကပြောပါတယ်။ အဲဒီစခန်းဆောက်တာကို တရုတ်နဲ့ ဗြိတိသျှအင်ဂျင်နီယာတွေ ကူညီနေပြီး၊ အခုနှစ်မိုးမကျခင်မှာ ပြောင်းနိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

အဲဒီကျွန်းမှာသွားနေရမယ့် ဒုက္ခသည်တွေကိုရွေးတဲ့အခါ ကိုယ့်သဘောဆန္ဒအလျောက်နေချင်သူတွေကို အဓိကဦးစားပေးမှာဖြစ်ပြီး၊ ဒုတိယအနေနဲ့ မဲနှိုက်ပြီးပေါက်တဲ့သူတွေ သွားရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ရဲ့အကြံပေးပုဂ္ဂိုလ် အီမန် ကပြောပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ အဲဒီနေရာဟာ မုန်တိုင်းမကြာခဏတိုက်ခံရပြီး၊ ရာသီဥတုကြမ်းတဲ့အတွက် လူတွေလုပ်ကိုင် စားသောက်နေထိုင်ဖို့ ခက်ခဲလို့ စိုးရိမ်ရတယ်ဆိုပြီး ပြောနေကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ရိုဟင်ဂျာဒုက္ခသည်တွေကို ကျွန်းပြောင်းဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရအားထုတ် ရိုဟင်ဂျာဒုက္ခသည်တွေကို ကျွန်းပြောင်းဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရအားထုတ် Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.