ဆိပ်ဖြူမြို့ ပတ္တမြားဈေး ရွှေဆိုင်မှ ငွေကျပ် ၇ဝ၈ သိန်းခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်း ခိုးယူသူများအနက် တစ်ဦးဖမ်းဆီးရမိ


ဆိပ်ဖြူ ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပတ္တမြားဈေးရှိ ဦးရွှေရိုး-ဒေါ်စန်းတင် ရတနာရွှေဆိုင်မှ ဖေဖော်ဝါရီ ၁ဝ ရက် က အလေးချိန် ၇၉ ကျပ်သားခန့် (ကာလ တန်ဖိုး ငွေကျပ် ၇ဝ၈ သိန်း$ခန့်)ရှိ ရွှေထည်ပစ္စည်းများ ခိုးယူခဲ့သူတစ်ဦးကို ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းက မိတ္ထီလာ မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့ ရွာသစ်ရပ်ကွက်နေ ဒေါ်လေးလေးမွန်သည် ဖေဖော်ဝါရီ ၁ဝ ရက် နံနက် ၈ နာရီခန့်က ပတ္တမြားဈေးရှိ ရွှေဆိုင်တွင် ရွှေထည်ပစ္စည်းများ ရောင်းချနေစဉ် အမျိုးသမီးနှစ်ဦး ရောက် ရှိလာပြီး ရွှေထည်ပစ္စည်းများ ကြည့်ရှု ကာ ရွှေဆွဲသီးကို ပြသပေးရန် တစ်ဦးက ပြောပြီး ပြသချိန်တွင် နောက်ထပ် အမျိုး သမီးတစ်ဦး ထပ်မံရောက်ရှိလာကာ ရွှေ ထည်ပစ္စည်းများ ကြည့်ရှုနေကြောင်း၊ အမျိုး သမီးနှစ်ဦးက ဘယ်ဘက်ကောင်တာ အတွင်းမှ ရွှေထည်ပစ္စည်း ကြည့်ရှုပြီး တန်ဖိုး တွက်ချက်ပေးရန် ပြောဆို၍ တွက်ချက်ပေးစဉ် ၄င်းအမျိုးသမီးမှာ ရွှေဆိုင်မှ ပြန်လည်ထွက်ခွာသွားကြောင်း။

ထို့နောက် မကြာမီအချိန်တွင်အမျိုးသမီးနှစ်ဦးမှာလည်း ဈေးမတတ်နိုင် သေးကြောင်း ပြောဆိုကာ ပြန်လည်ထွက် ခွာသွားခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီး များထွက်ခွာသွားပြီး အခြားဈေးဝယ်သူ များအား ရွှေထည်များ ပြသပေးရန် ကြည့်ရှုစဉ် ယာဘက်ကောင်တာအတွင်း ထည့်ထားသည့် ရွှေဆွဲကြိုး ၁၈၉ ကုံးခန့် (စုစုပေါင်း အလေးချိန် ၇၉ ကျပ်သားခန့်) ကာလတန်ဖိုး ငွေကျပ် ၇ဝ၈ သိန်းခန့်ရှိ ရွှေထည်ပစ္စည်းများ ပျောက်ဆုံးနေ ကြောင်း သိရှိ၍ ဆိပ်ဖြူမြို့မရဲစခန်းသို့ ဒေါ်လေးလေးမွန်က အမှုဖွင့်တိုင်တန်း ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူများ ဖမ်းဆီး ရမိရေးအတွက် တိုင်းဒေသကြီး မှုခင်း အကူရဲတပ်ဖွဲ့၊ ခရိုင်မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ဆိပ်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့မ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက ကွင်းဆင်း စုံစမ်းခဲ့ရာ ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် မိတ္ထီလာမြို့ ပြည်သာယာ ၃ လမ်းနှင့် ၄ ကြားနေ မစန်း(ခ)သဲသဲ(ခ) သန်းသန်း နိုင် (၄၄ နှစ်)(ယာပုံ)ကို မိတ္ထီလာခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ အကူအညီရယူ၍ ဖမ်းဆီးရမိခဲ့သည်။

ပူးပေါင်းပါဝင်သူများ ဖြစ်သည့် မသက်သက်ဝေ(၄၁ နှစ်) မိတ္ထီလာမြို့ နေသူနှင့် မသီတာ(ခ)မဝင်း ပြည်မြို့နေသူ တို့သည် တိမ်းရှောင်ထွက်ပြေးလျက်ရှိပြီး ၄င်းတို့ နှစ်ဦးအား ထပ်မံဖမ်းဆီးမိနိုင်ရေး စုံစမ်းဖော်ထုတ် ဆောင်ရွက်လျက်ရှိ သည်။

 စိုးလင်းနိုင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဆိပ်ဖြူမြို့ ပတ္တမြားဈေး ရွှေဆိုင်မှ ငွေကျပ် ၇ဝ၈ သိန်းခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်း ခိုးယူသူများအနက် တစ်ဦးဖမ်းဆီးရမိ ဆိပ်ဖြူမြို့ ပတ္တမြားဈေး ရွှေဆိုင်မှ ငွေကျပ် ၇ဝ၈ သိန်းခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်း ခိုးယူသူများအနက် တစ်ဦးဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 09:06 Rating: 5
Powered by Blogger.