ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် လမ်းဖြတ်ကူးသူအား ခရီးသည်တင်ယာဉ်မှ တိုက်မိသဖြင့် သေဆုံး

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ သဲဖြူချောင်းကျေးရွာအုပ်စု၊ သပြေနီကျေးရွာအနီးရှိ ရန်ကုန်-မော်လမြိုင်ကား လမ်းပေါ်တွင် ဖေဖော်ဝါရီ ၂၀ ရက်၊ နံနက်ပိုင်းက လမ်းဖြတ်ကူးသူအမျိုးတစ်ဦးအား ခရီးသည်တင်မှန်လုံယာဉ်မှ ဝင်ရောက်တိုက်မိသဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဘီးလင်းမြို့မ ရဲစခန်းမှ သိရှိရသည်။
“မနက်အစောကြီးဆိုတော့ ကားသမားကလည်း သူ့အရှိန်နဲ့သူမောင်းလာတာ သေသူကလည်း လမ်းဖြတ်ကူး တဲ့ အချိန်မှာ ရှောင်ရင်းနဲ့ တိုက်မိသွားတာ ယာဉ်မောင်းကိုတော့ အရေးယူထားပါတယ်။”ဟု ဘီးလင်းမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။


ရန်ကုန်မှ မော်လမြိုင်သို့ ဘီးလင်းမြို့နေသူ ယာဉ်မောင်း ရဲထွဋ် (၅၃)နှစ်မောင်းနှင်လာသည့် YUTONG အမျိုးစား ခရီးသည်တင်ယာဉ်သည် သပြေနီကျေးရွာ ကားလမ်းမိုင်တိုင်အမှတ်(၁၁၇/၆) နှင့် (၁၁၇/၇) အကြားအ ရောက်၌ ကားလမ်းဝဲဘက်ခြမ်းမှ လမ်းယာဘက်သို့လမ်းဖြတ်ကူးသူ သပြေနီကျေးရွာနေ ဦးသက်ဝင်း(၃၇)နှစ် အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုကြောင့် ဦးသက်ဝင်းမှာ ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ တင်ပို့ကုသထားစဉ် သေဆုံးသွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ရဲထွဋ်အား ဘီးလင်းမြို့မရဲစခန်းမှ ယာဉ်(ပ)၂/၂၀၁၈ ရာဇသတ်ကြီး ပုဒ် ၃၀၄(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် လမ်းဖြတ်ကူးသူအား ခရီးသည်တင်ယာဉ်မှ တိုက်မိသဖြင့် သေဆုံး ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် လမ်းဖြတ်ကူးသူအား ခရီးသည်တင်ယာဉ်မှ တိုက်မိသဖြင့် သေဆုံး Reviewed by THITHTOOLWIN on 14:41 Rating: 5
Powered by Blogger.