ဖြူးမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းပေါ်တွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ တစ်ဦး သေဆုံး


ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် မြို့မရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင် ၁၄၂/၅ နှင့် ၁၄၂/၆ ကြား ဖေဖော်ဝါရီ ၁၉ ရက် ည (၁၁း၄၀)နာရီခန့်တွင် HIJET အဖြူရောင်မော်တော်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးမှာ စိုးရိမ်ရသည့် အခြေနေရှိကြောင်း ဖြူးမြို့မ ရဲစခန်းမှ သိရှိရသည်။

အဆိုပါ သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့ကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁း၀၅ နာရီတွင် ဖြူးမြို့နယ် ပြည်သူ့ ဆေးရုံသို့ ဆေးစာဖြင့် ပို့ဆောင်ပေးခဲ့ကာ ဒဏ်ရာရရှိသူ ယာဉ်မောင်းမှာ အမျိုးသားခွဲစိတ်ဆောင်တွင် ဆေးကုသမူခံယူလျှက်ရှိသဖြင့် အမူဖွင့်စစ်ဆေးအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ဇေယျဝတီဘက်ကနေ ဖြူးမြို့တွင်းဘက်ကို မောင်းလာတာ အရှိန်းမထိန်းနိုင်ဘဲ လမ်းဘေးထိုးကျပြီး တိမ်းမှောက်သွားတာ တစ်ဦးသေပြီး ယာဉ်မောင်းကိုတော့ စိုးရိမ်ရတဲ့အနေထားနဲ့ အမျိုးသားခွဲစိတ်ဆောင်မှာ ဆေးကုသမူခံယူနေတယ်။ ယာဉ်ကို မဆင်မချင်မောင်းနှင်းတာဖြစ်လို့ ဥပဒေနဲ့အညီ ဆက်လက် အရေးယူ သွားမှာပါ။"ဟု ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး မြင့်လွင်သန်းက ပြောသည်။

ဖြစ်စဉ်မှာ ဇင်မင်းထွန်း ၂၂ နှစ် မောင်းနှင်ပြီး၊ ပြည့်ဖြိုးအောင် အသက်စိစစ်ဆဲ လိုက်ပါလာသော HIJET အဖြူရောင် မော်တော်ယာဉ်မှာ ဇေယျဝတီဘက်မှ ဖြူးမြို့သို့ မောင်းနှင်လာစဉ် မြို့မအရှေ့ရပ်ကွက် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ရာ ယဉ်မောင်းမှာ နဖူးပွန်းပဲ့ မေးစေ့ပွန်း ဒဏ်ရာ စိုးရိမ်ရနှင့် ယာဉ်ပေါ်လိုက်ပါလာသူမှာ နဖူးပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်း ဇင်မင်းထွန်းအား အရေးယူပေးရန် ဒုရဲအုပ် ကျော်ဇင်ထက်မှ တိုင်တန်းသဖြင့် ဖြူးမြို့မ ရဲစခန်းမှ ယာဉ်(ပ) ၁၄/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမူဖွင့်ထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဖြူးမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းပေါ်တွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ တစ်ဦး သေဆုံး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းပေါ်တွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ တစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 14:20 Rating: 5
Powered by Blogger.