၃ နှစ်အရွယ် ကလေးမကို မအော်နိုင်အောင် ပါးစပ်ထဲငှက်ပျောသီးခွံ့ထည့်ပြီး အဓမ္မပြုကျင့် လူသတ်မှု

မစံရတီမြင့် နာရေး။ ဓါတ်ပုံ - Lin Yaung chyi
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ရေချောင်းဘို ကျေးရွာရှိ ငှက်ပျောစိုက်ခင်း၏ အရှေ့ဘက်ကန်သင်းရိုးစပ်၌ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့် တွင်  မစံရတီမြင့် (၃)နှစ်အား ဖြိုးထက်အောင် (၂၅)နှစ်မှ က​လေးမ​အော်​နိုင်​​အောင်​ ငှက်​​ပျောသီး မှည့်များ ပါးစပ်​တွင်း ထိုးထည့်ပြီး သားမယားပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

ဓါတ်ပုံ - ရဲဇာနည်
မတ္တရာမြို့ နယ် ဥဒိန်အုပ်မြွေကူးတို့ ဆိပ်ရွာနေ မောင်လှိုင်ဇင်မြင့်တို့ မိသားစု ၃ ယောက်သည် ၀န်စုအုပ်စု တော်တန်းသို့ ထင်းသွားတင်ကြရာ ထင်းတင်နေစဉ် (၃)နှစ်ခန့် အရွယ် သမီးဖြစ်သူ မစံရတီမြင့် အား ၀န်စုကျေးရွာနေ ဦးထွန်းလှ၏ သား ဖြိုးထက်အောင် က ငှက်​​ပျော​တောထဲသို့ ​ပွေ့ချီ​ခေါ်ယူသွားပြီး သားမယားပြုကျင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
မစံရတီမြင့် နာရေး။ ဓါတ်ပုံ - Lin Yaung chyi
သားမယားပြုကျင့်နေသည်ကို ဒေါ်သီး(စိစစ်ဆဲ)မှ တွေ့ရှိရ၍ အော်ဟစ်ပြောဆိုစဉ် ဖြိုးထက်အောင်မှာ ထွက်ပြေးသွားခဲ့ပြီး က​လေးမှာ နှုတ်​ခမ်းများပြာပြီး ​ခေါ်၍မရ​တော့ပါ။ အသက်​လည်း မရှူ​တော့ကြောင်း သိရသည်။

နေ့ လည် ၁၂ နာရီခွဲ အချိန်တွင် မစံရတီမြင့်အား မတ္တရာဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့သောကြောင့် ညနေ ၃ နာရီအချိန်တွင် ဖြိုးထက်အောင်(ဖမ်းမိ)အား ရေနံ့သာ နယ်မြေရဲစခန်းမှ (ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၂(မုဒိမ်းမု/လူသတ်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရပါသည်။

သစ်ထူးလွင်
၃ နှစ်အရွယ် ကလေးမကို မအော်နိုင်အောင် ပါးစပ်ထဲငှက်ပျောသီးခွံ့ထည့်ပြီး အဓမ္မပြုကျင့် လူသတ်မှု ၃ နှစ်အရွယ် ကလေးမကို မအော်နိုင်အောင် ပါးစပ်ထဲငှက်ပျောသီးခွံ့ထည့်ပြီး အဓမ္မပြုကျင့် လူသတ်မှု Reviewed by THITHTOOLWIN on 14:57 Rating: 5
Powered by Blogger.