အရှေ့တောင်အာရှမှာ အကြမ်းဖက်အန္တရာယ် မြင့်မားလာနေ


အရှေ့တောင်အာရှဒေသအတွင်း အကြမ်းဖက်သမားတွေရဲ့ အန္ဒရာယ် ပိုမိုမြင့်မားလာနေတယ်လို့ စင်္ကာပူမှာ မနေ့က ကျင်းပတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေရဲ့အစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေက မွတ်ဆလင်အကြမ်းဖက်သမားတွေဟာ နိုင်ငံခြား တိုင်းပြည်တွေကို သွားရောက်တိုက်ခိုက်နေရာကနေ ဒေသအတွင်း ပြည်လည်ရောက်ရှိလာနေကြတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်အဖွဲ့တွေဟာ ပိုမိုခေတ်မီတဲ့နည်းပညာတွေ လက်နက်တွေကို အခုသုံးစွဲနေကြကြောင်းနဲ့ အာဆီယံ နိုင်ငံတွေအကြား ပိုမိုပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်းလည်း အဲဒီ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တပြိုင်နက်မှာပဲ စင်္ကာပူမှာ မနေ့က ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တောင်တရုတ်ပင်လယ်က နိုင်ငံတကာရေကြောင်းဒေသ အများအပြားကို တရုတ်ပြည်က သူတို့ပိုင်ဆိုင်ကြောင်းကြေညာပြီး လူလုပ်ကျွန်းတွေ တည်ဆောက်နယ်ချဲ့နေမှုအတွက် ဒေသအတွင်း တင်းမာမှုတွေ ပိုမိုများပြားလာနိုင်ကြောင်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ