မြောက်ကိုရီးယားဂီတအဖွဲ့ရဲ့ ဖျော်ဖြေမှုကို တောင်ကိုရီးယားသမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်ညီမ ကြည့်ရှု


တနင်္ဂနွေနေ့က တောင်ကိုရီးယားသမ္မတ Moon Jae-in ဟာ မြောက်ကိုရီးယားခေါင်းဆောင်Kim Jong Un ရဲ့  ညီမနဲ့အတူ မြောက်ကိုရီးယားက လာရောက်တဲ့ ဂီတပညာရှင်တွေရဲ့ ပွဲကို အတူယှဉ်တွဲပြီး ကြည့်ရှုခဲ့ပါတယ်။

ဒီပွဲကို တောင်ကိုရီးယားကိုလာရောက်တဲ့ မြောက်ကိုရီးယားအဖွဲ့ ခေါင်းဆောင် Kim Yo Nam တို့ပါ အတူရှိနေကြပါတယ်။

အခုပြသနေတဲ့ ပွဲဟာ ဆောင်းရာသီအိုလံပစ်ပွဲကို ရောက်ရှိလာတဲ့ မြောက်ကိုရီးယားအနုပညာအဖွဲ့တွေရဲ့ မပြန်ခင် နောက်ဆုံးနှုတ်ဆက်ပွဲဖြစ်ပါတယ်။

တောင်ကိုရီးယားသမ္မတ နဲ့ Kim Jong Un ရဲ့ ညီမတို့ဟာ တောင်မြောက်ကိုရီးယား နှစ်သင်းပေါင်း ဟော်ကီအသင်း ပွဲစဉ်တွေကိုလည်း နှစ်ဦးအတူကြည့်ရှုခဲ့ကြပါတယ်။

စနေနေ့ကတော့ Kim Jong Un ရဲ့ ညီမက တောင်ကိုရီးယားသမ္မတကို မြောက်ကိုရီးယားကို လာရောက်လည်ပတ်ဖို့ သူ့အကိုရဲ့ ဖိတ်ကြားချက်ကို ပြောဆိုခဲ့သလို တောင်နဲ့ မြောက်ကိုရီးယားတွေဟာ ကွဲသွားခဲ့ကြပေမဲ့ တူညီတဲ့အရာတွေ အများကြီးပါလို့ တောင်ကိုရီးယား အရာရှိတွေကိုလည်း ပြောဆိုခဲ့ပါတယ်။

တချိန်ထဲမှာပဲ ပြဇာတ်ရုံအပြင်ဘက်မှာ ရှေးရိုးအစဉ်အလာရှိသူ ဆန္ဒပြသမားတွေက မြောက်ကိုရီးယားအလံကို မီးရှို့ဆန္ဒပြနေတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။ ဆန္ဒပြသူတွေက ဒီကွန်မြူနစ်တွေကို တောင်ကိုရီးယားမြေပေါ်မှာ ဧည်ခံနေတာ ရှက်စရာလုပ်ရပ်ဖြစ်တယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မြောက်ကိုရီးယားဂီတအဖွဲ့ရဲ့ ဖျော်ဖြေမှုကို တောင်ကိုရီးယားသမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်ညီမ ကြည့်ရှု မြောက်ကိုရီးယားဂီတအဖွဲ့ရဲ့ ဖျော်ဖြေမှုကို တောင်ကိုရီးယားသမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်ညီမ ကြည့်ရှု Reviewed by THITHTOOLWIN on 11:13 Rating: 5
Powered by Blogger.