တိန်ညိုအုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်နေအိမ်ကို ချိတ်ပိတ်ထား

(ဓါတ်ပုံ - မသင်္ကာသူအဖြစ် ဖမ်းဆီးခံထားရသည့် တိန်ညိုကျေးရွာက ဦးကျော်မြင့် မိသားစုနေအိမ်အား ချိတ်ပိတ်ထားစဉ်။)
ဖေဖော်ဝါရီ ၄ ၊ DMG

မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနှင့် ပတ်သက်ပြီး မသင်္ကာသူအဖြစ် ဖမ်းဆီးခံထားရသည့် ဦးကျော်မြင့် မိသားစုနေအိမ်အား ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ချိတ်ပိတ်ခံထားရကြောင်း ဒေသခံများက DMG ကိုပြောသည်။
(ဓါတ်ပုံ - မသင်္ကာသူအဖြစ် ဖမ်းဆီးခံထားရသည့် တိန်ညိုကျေးရွာက ဦးကျော်မြင့် မိသားစုနေအိမ်အား ချိတ်ပိတ်ထားစဉ်။)
မနေ့က ဖေဖော်ဝါရီလ ၃ ရက်နေ့က တိန်ညိုဈေးအနီးရှိ ချောင်းတွင် လက်နက်များရှိသည်ဟု သတင်းထွက်ပေါ်မှုကြောင့် သက်ဆိုင်ရာဌာနများက ရှာဖွေနေကြသည်။ မနေ့ကထိ တိန်ညိုကျေးရွာ လုံခြုံရေး ရဲအင်အား အမြောက်အများ ချထားပြီး ယနေ့မှာတော့ ရဲတပ်ဖွဲ့ဝင်အင်အား နည်းသွားပြီဟု ဦးကျော်မြင့်၏ သမီးကြီး ဒေါ်တင်တင်မြင့်က ပြောသည်။


Development Media Group
https://www.facebook.com/dmgnewsagency/
တိန်ညိုအုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်နေအိမ်ကို ချိတ်ပိတ်ထား တိန်ညိုအုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်နေအိမ်ကို ချိတ်ပိတ်ထား Reviewed by THITHTOOLWIN on 05:38 Rating: 5
Powered by Blogger.