လားရှိုးဗုံးကွဲမှု ရဲနဲ့စစ်ဖက် ပူးပေါင်းစုံစမ်းနေ

ဗုံးပေါက်ကွဲပြီးမြင်ကွင်း။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
ရှမ်းပြည်နယ် လားရှိုးမြို့မှာရှိတဲ့ ရိုးမဘဏ် ဗုဒ္ဒဟူးနေ့က ပေါက်ကွဲဖြစ်သွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့အပြင် စစ်တပ်နဲ့ စစ်တိုင်းအဖွဲ့တို့ကပါ စုံစမ်း စစ်ဆေးမှုတွေံမှာ ကူညီ ဆောင်ရွက်ပေးနေတယ်လို့ လားရှိုးမြို့နယ် ဒုရဲမှူး ကျော်နိုင်က ပြောပါတယ်။ ဒီတောအတွင်း ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့တဲ့ ၂ ဦးအပါအ၀င် ထိခိုက် ဒဏ်ရာရသူ ဘဏ်ဝန်ထမ်းတွေကို ရိုးမဘဏ်က အစစအရာရာ ကူညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် ရန်ကုန်က တာဝန်ရှိသူတွေ လားရှိုးမြို့ကို ရောက်သွားကြပြီလို့ ရိုးမဘဏ် ပြောခွင့်ရ ဒေါ်မေဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

လားရှိုးမြို့က ရိုးမဘဏ် ပေါက်ကွဲမှု ဖြစ်သွားခဲ့ပြီးတဲ့နောက် ဒေသခံတွေအကြား လုံခြုံရေးအရ စိုးရိမ်မှုတွေ ကြီးထွားနေချိန်မှာဘဲ ဒီကိစ္စအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ဒေသခံ စစ်တိုင်းအဖွဲ့ရဲ့ အကူအညီနဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီဖြစ်ကြောင်း လားရှိုးမြို့နယ် ဒုရဲမှူး ကျော်နိုင်က အခုလို ပြောပြပါတယ်။

ဗုဒ္ဓဟူးနေ့ ဘဏ်ပိတ်ချိန်မှာ ဖြစ်သွားခဲ့တဲ့ အဲဒီ ပေါက်ကွဲမှုကြောင့် ဘဏ်ဝန်ထမ်း အမျိုးသမီး ၂ ဦး သေဆုံးပြီး ၂၁ ဦး ထိခိုက် ဒဏ်ရာရခဲ့တာပါ။ သေဆုံးသွားသူ ဘဏ်ဝန်ထမ်း ၂ ဦးနဲ့ တခြား ထိခိုက် ဒဏ်ရာရခဲ့ကြတဲ့ ဘဏ်ဝန်ထမ်းတွေအတွက် တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးနိုင်အောင် ရန်ကုန်က ရိုးမဘဏ် တာဝန်ရှိသူတွေ လားရှိုးမြို့ကို ရောက်သွားကြပြီလို့ ရိုးမဘဏ် ပြောခွင့်ရအမျိုးသမီး ဒေါ်မေဦးက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ဘဏ်ဝန်ထမ်း ၂ ဦး သေဆုံးခဲ့တာအပြင် တခြား ၀န်ထမ်း ၆ ဦးလည်း ထိခိုက် ဒဏ်ရာရသွားကြတယ်လို့ ဒေါ်မေဦးက ပြောပါတယ်။ အခုဖြစ်သွားတဲ့ ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ရိုးမဘဏ်ဘက်က မကြာခင်မှာ ကြေညာချက် ထုတ်ပြန်သွားဖို့ ရှိတယ်လို့လည်း ဒေါ်မေဦးက ပြောပါတယ် ခင်ဗျား။

ကိုဇော်ဝင်းလှိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
လားရှိုးဗုံးကွဲမှု ရဲနဲ့စစ်ဖက် ပူးပေါင်းစုံစမ်းနေ လားရှိုးဗုံးကွဲမှု ရဲနဲ့စစ်ဖက် ပူးပေါင်းစုံစမ်းနေ Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.