စည်းကြပ်မှုက ကင်းလွတ်တဲ့ ဝင်ငွေတွေကို ဘယ်လို အခွန်ကောက်ဖို့ ပြင်ဆင်နေလဲ

 ၃ မျိုး ၃စားခွဲပြီး နှုန်းထား သတ်မှတ်
၂ဝ၁၈ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဥပဒေကြမ်း ကော်မတီရဲ့ လေ့လာ တွေ့ရှိချက်နဲ့ သဘောထား မှတ်ချက်တွေ ဖော်ပြထားတဲ့ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်ထံ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က တင်သွင်း လာပါတယ်။

အဲဒီ အစီရင်ခံစာမှာ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ စည်းကြပ်မှုကနေ လွတ် ကင်းနေတဲ့ ဝင်ငွေ တွေကို အခွန် သက်သာခွင့် ပေးတဲ့အခါမှာ ၃ မျိုး ၃စားခွဲပြီး နှုန်းထား သတ်မှတ်ထားတာ တွေ့ရပါတယ်။

စီးပွားရေး လုပ်ငန်း တခုခုကို ဆောင်ရွက်ခဲ့ပေမယ့် အခွန် မပေးဆောင်ခဲ့တဲ့ ဒါမှမဟုတ် လျော့ပြီး ပေး ဆောင်ခဲ့တဲ့ ဝင်ငွေတွေ ကို ၃% ကနေ ၅% ကောက်ခံဖို့ ပြင်ဆင် ထားပါတယ်။

ဝင်ငွေရလမ်း မဖော်ပြနိုင်ပဲ ဘဏ်မှာ အပ်နှံထားရှိတဲ့ ငွေကြေး နဲ့ အစုရှယ်ယာ ထည့်ဝင်ထားတဲ့ ငွေအတွက် အခွန် ဆောင်မယ်ဆိုရင် ပထမ၆ လအတွက် ၅ % ၊ ဒုတိယ၆ လအတွက် ၇ % ကောက်ခံဖို့ ပြင်ဆင်ထားပါတယ်။
 ပြည်ထောင်စုလွှတ်တော်ထဲ ဆွေးနွေး အတည်ပြုမယ်
တခါမြေအဆောက်အဦး အပါအဝင် မရွှေ့ မပြောင်းနိုင်တဲ့ ပစ္စည်း၊ ရွှေနှင့် တခြား အဖိုးတန် ပစ္စည်းတွေ၊ ယဉ်အပါအဝင် ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ ထိတွေ့ ကိုင်တွယ်လို့ရတဲ့ ပစ္စည်းတွေ ဝယ်ယူ တည်ဆောက်တဲ့အခါ ရင်းနှီးမြှုပ်နှံတဲ့ အခါ တွေမှာ အသုံးပြုမယ့် ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ဝင်ငွေ အတွက် ပထမ ၆ လမှာ ၇ ရာခိုင်နှုန်း ၊ ဒုတိယ ၆ လမှာ ၁ဝ ရာခိုင်နှုန်း ကောက်ခံသင့်တယ် လို့ ပြင်ဆင်ထားပါတယ်။

စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေခွန်ဆိုတဲ့ ခေါင်းစဉ်မရှိတော့ပဲ လစာဝင်ငွေခွန်၊ စီးပွားရေး ဝင်ငွေခွန်နဲ့ ပစ္စည်းတွေ ရောင်းဝယ်တာကနေ ရရှိတဲ့ ဝင်ငွေ ဆိုပြီး ၃မျိုး သာ ကောက်တော့မှာဖြစ်ပါတယ်။

အခုလို အခွန် ဥပဒေ အပြောင်းအလဲလုပ်ဖို့ ကြိုးစားနေတာဟာ အစိုးရ အနေနဲ့ အခွန်တွေ တိုးပြီး ရရှိလာနိုင်မှာ ဖြစ်ပေမယ့်၊ စီးပွားရေး တစ်ခုလုံး ဦးမော့ လာစေနိုင်တဲ့ ကိစ္စရပ်မျိုးတော့ မဟုတ်ဘူး ဆိုပြီး ပြည်သူ့ လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ကော်မတီ ဥက္ကဌ ဒေါ်ခင်စန်းလှိုင်က ဘီဘီစီကို ပြောပါတယ်။

အခွန်သက်သာ ခွင့်တွေ ပေးတာကို တစ်နှစ်သာ ဖြစ်တယ်လို့ ဥပဒေထဲ တိတိကျ ဖော်ပြဖို့နဲ့ ငွေကြေး ခဝါချမှုတွေ မပေါ်ဖို့လည်း မဖြစ်ပေါ်စေအတွက် ဥပဒေ ပြဌာန်း ချက်တွေကို တိတိကျကျ ရေးဖို့ လိုတယ် ဆိုပြီး ကော်မတီဘက်က အကြံပြု ထားသလို၊ လစာ ဝင်ငွေ တစ်လ ၅ သိန်း ကျပ် အထက် ရမှာသာ ဝင်ငွေခွန် ကောက်ခံဖို့ အချက်လည်း ပါဝင်ပါတယ်။

ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းကို မကြာခင်မှာပဲ ပြည်ထောင်စုလွှတ်တော်ထဲ ဆွေးနွေး အတည်ပြု လာဖို့ ရှိတယ်လို့ ဘီဘီစီရဲ့ နေပြည်တော် သတင်းထောက်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
စည်းကြပ်မှုက ကင်းလွတ်တဲ့ ဝင်ငွေတွေကို ဘယ်လို အခွန်ကောက်ဖို့ ပြင်ဆင်နေလဲ စည်းကြပ်မှုက ကင်းလွတ်တဲ့ ဝင်ငွေတွေကို ဘယ်လို အခွန်ကောက်ဖို့ ပြင်ဆင်နေလဲ Reviewed by THITHTOOLWIN on 23:44 Rating: 5
Powered by Blogger.