အမျိုးသမီး ၁ဦး ကားပေါ်မှ ထွက်​ကျစဉ် ကုန်​တင်​ယာဉ်​မှ တက်​ကြိတ်မိသဖြင့် ​သေဆုံး
ပဲခူးတိုင်းဒေသကြီး ဥက္ကံမြို့​ တောင်​ဖက်​ ပါဒဘုန်း​တော်​ကြီး​ကျောင်း​ရှေ့၌ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ယနေ့ နံနက် ၅ နာရီခန့် က သာယာဝတီ - သဲဖြူ မှ ဟိုင်းလက်​ယာဉ်​အား မီး​သွေးများတင်​​ဆောင်​လာသည့် နီဆန်းကုန်​တင်​ယာဉ် (နီညိုေ​ရာင်)​မှ ​နောက်​မှဝင်​တိုက်​မှု ဖြစ်​ပွားခဲ့ပါသည်​။
ဟိုင်းလက်​ယာဉ်​​ပေါ်မှ အမျိုးသမီး ၁ဦး ထွက်​ကျ၍ ကုန်​တင်​ယာဉ်​မှ တက်​ကြိတ်သဖြင့် ​သေဆုံးပြီး ၈ဦးခန့်​ ဒဏ်​ရာ ရရှိခဲ့ပါသည်။
အဆိုပါ သေဆုံးဒဏ်ရာရရှိသူများကို ​မေတ္တာ​ရေစင်​ အမှတ်​(၁)(၂)(၄)ယာဉ်​ ၃စီးဖြင့် သွား​ရောက်​ကူညီ၍ ဥက္ကံတိုက်​နယ်​​ဆေးရုံသို့ ပို့​ဆောင်​​ပေးခဲ့ပါသည်​။
 နံနက် ၇ နာရီခန့် တွင် ယာဉ်​တိုက်​မှုမှ ဒဏ်ရာရရှိသူ အမျိုးသမီး၂ဦးအား ရန်​ကုန်​​ဆေးရုံကြီးသို့ ​မေတ္တာ​ရေစင်​ အမှတ်​(၁)(၂)ယာဉ်​ ၂စီးဖြင့် ဥက္ကံတိုက်​နယ်​​ဆေးရုံ မှတဆင့် ဆက်​လက်​ပို့​ဆောင် ပေးခဲ့ကြောင်း သိရပါသည်။
မေတ္တာရေစင် လူနာတင်ယာဉ် အသင်း ။ ဥက္ကံမြို့
အမျိုးသမီး ၁ဦး ကားပေါ်မှ ထွက်​ကျစဉ် ကုန်​တင်​ယာဉ်​မှ တက်​ကြိတ်မိသဖြင့် ​သေဆုံး အမျိုးသမီး ၁ဦး ကားပေါ်မှ ထွက်​ကျစဉ် ကုန်​တင်​ယာဉ်​မှ တက်​ကြိတ်မိသဖြင့် ​သေဆုံး Reviewed by THITHTOOLWIN on 10:29 Rating: 5
Powered by Blogger.