တံငါသည် ၃ ဦး ကန်ရေတပ် ကယ်ဆယ်


ပစိဖိတ်သမုဒ္ဒရာအတွင်း ဂ ရက်ကြာမျောပါနေခဲ့တဲ့ တံငါသည် ၃ ယောက်ကို အမေရိကန်ရေတပ်က အင်္ဂါနေ့မှာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

Micronesia မိုင်ကရိုနီးရှားကျွန်းကထွက်ခွာသွားတဲ့ အဲဒီ ငါးဖမ်းသမားတွေဟာ ဖေဖေါ်ဝါရီ ၁၂ နေ့က စတင်ပျောက်ဆုံးသွားခဲ့တာပါ။ အရှည် ၁၉ ပေရှိတဲ့လှေပေါ်မှာ အစာရေစာတွေ သယ်ဆောင်သွားပေမယ့် လုံခြုံရေးနဲ့ ဆက်သွယ်ရေးပစ္စည်းတော့ မပါဖူးလို့ဆိုပါတယ်။

အဲဒီ တံငါသည် ၃ ယောက် ပျောက်ဆုံးနေတာကို ဂွမ်ကျွန်းမှာ အခြေစိုက်တဲ့ အမေရိကန် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က ရက်အတော်ကြာ ရှာဖွေခဲ့ပြီးနောက် မတွေ့တဲ့အတွက် ဂျပန်မှာတပ်စွဲထားတဲ့ ကန်ရေတပ်ကို အကူညီတောင်းခဲ့ရာမှာ Poseidon ပိုဆိုင်ဒွန် ထောက်လှမ်းရေးလေယာဉ်တစီးက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ပိုဆိုင်ဒွန်ဟာ ကမ္ဘာ့နေရာမရွေး ကျယ်ပျံ့တဲ့ဒေသတွေကို အလျှင်အမြန် ရှာဖွေကယ်ဆယ်နိုင်တဲ့ ခေတ်မှီရေဒါတပ် နောက်ဆုံးပေါ် ကန် ထောက်လှမ်းရေးလေယာဉ်ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

တံငါသည် ၃ ဦး ကန်ရေတပ် ကယ်ဆယ် တံငါသည် ၃ ဦး ကန်ရေတပ် ကယ်ဆယ် Reviewed by THITHTOOLWIN on 08:25 Rating: 5
Powered by Blogger.