မြောက်ကိုရီးယားပြည်သူ ၂၈၀ ကျော် နယ်စပ်ဖြတ်ကျော်ပြီး တောင်ကိုရီးယားနိုင်ငံသို့ တရားဝင် ရောက်ရှိလာ


ဆိုးလ်၊ ဖေဖော်ဝါရီ ၇ ။

မြောက်ကိုရီးယား ပြည်သူ ၂၈၀ ကျော် ဟာ တောင် -မြောက် နှစ် နိုင်ငံ နယ် စပ်ကို ဖြတ်ကျော်ပြီး ဒီနေ့ (ဖေဖော်ဝါရီလ ၇ ရက်) နေ့မှာ တောင်ကိုရီးယားနိုင်ငံထဲကို တရားဝင်ရောက်ရှိလာခဲ့တယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့၊ တောင်ကိုရီးယားနိုင်ငံ Pyeongchang. မြို့မှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပြိုင်အားကစားပြိုင်ပွဲ ၀င် တောင်-မြောက်ကိုရီး ယားနိုင်ငံက အားကစားသမားတွေကို အားပေးဖို့ရောက်ရှိလာတာဖြစ်တယ်လို့ဆိုပါတယ်။

ဒီအဖွဲ့ထဲမှာ မြောက်ကိုရီးယား အားကစားဝန်ကြီး Kim Il-guk, နဲ့ တိုက်ကွမ်ဒို သရုပ်ပြအားကစားသမား ၂၆ ဦး၊ သတင်းသမား ၂၁ ဦး ၊ မြောက်ကိုရီးယားအိုလံပစ်ကော်မတီဝင် လေးဦး တို့လည်းပါဝင်ပါတယ်။

ဒီအဖွဲ့ဟာ ဘတ်စ်ကား နဲ့ နယ်စပ်ဖြတ်ကျော်ပြီး တောင်ကိုရီးယားမြို့တော် ဆိုးလ်ကိုရောက်ရှိလာတာပါ။ လိုအပ်တဲ့ လုံခြုံရေုးဆိုင်ရာ ကိစ္စတွေကိုဆောင်ရွက်ပြီး ရင် အားကစားပွဲကျင်းပမယ့် Pyeongchang. မြို့ကိုဆက်လက်ထွက်ခွာမှာဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံက နှစ်နိုင်ငံပေါင်းစည်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား မှာ သီဆိုဖျော်ဖြေမယ့် မြောက်ကိုရီးယား တေးဂီတအဖွဲ့ လည်းတောင်ကိုရီးယားကိုမနေ့ (ဖေဖော်ဝါရီလ ၆ ) ရက်နေ့က ရောက်ရှိလာခဲ့ပါတယ်။

ကားမောင်းပြိုင်ပွဲ ကျင်းပမယ့် Inje Speedium မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေကတော့ မြောက်ကိုရီးယားအဖွဲ့တွေ မလာခင်ကတည်း က “ ငါ တို့ ဟာ တစ် နိုင်ငံ တည်း သားတွေပါ “ “ကြိုဆိုပါတယ် “ ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ကြိုဆိုခဲ့ကြတယ်လို့ဆိုပါတယ်။

Pyeongchang. ဆောင်းရာသီ အိုလံပစ် ပွဲတော်ကို ဖေဖော်ဝါရီလ ၉ ရက်ကနေ ၂၅ ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီး နိုင်ငံ ပေါင်း ၉၂ နိုင်ငံက အားကစားသမားစုစုပေါင်း ၂၉၅၂ ဦး ၀င်ရောက် ယှဉ်ပြိုင် မှာဖြစ်ပါတယ်။

ကိုမျိုး
PHOTO - REUTERS
The Asia Heart News (facebook)
မြောက်ကိုရီးယားပြည်သူ ၂၈၀ ကျော် နယ်စပ်ဖြတ်ကျော်ပြီး တောင်ကိုရီးယားနိုင်ငံသို့ တရားဝင် ရောက်ရှိလာ မြောက်ကိုရီးယားပြည်သူ ၂၈၀ ကျော် နယ်စပ်ဖြတ်ကျော်ပြီး တောင်ကိုရီးယားနိုင်ငံသို့ တရားဝင် ရောက်ရှိလာ Reviewed by THITHTOOLWIN on 21:56 Rating: 5
Powered by Blogger.