ဗြိတိန်အပါအ၀င် နိုင်ငံခြားသား ၁၁ဦး နယ်စပ်ဘင်္ဂလီဒုက္ခသည်စခန်းအနီးတွင် ဖမ်းဆီးခံရ


ဖေဖော်ဝါရီ ၂၃

ဗြိတိန်နိုင်ငံသား ၂ ဦး အပါအ၀င် နိုင်ငံခြား ၁၁ ဦးကို မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ အိုကီယားနယ်စပ်တွင် ဘင်္ဂလာဒေ့ရှ် အထူးမှုခင်းနှိမ်နှင်းရေး တပ်ဖွဲ့ RAB က ဖမ်းဆီး လိုက်သည်ဟု Cox’sbazar News တွင် သတင်းဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ ဗြိတိန်နိုင်ငံသား ၂ ဦး၊ နယ်သာလန် ၁ ဦး၊ တူရကီ ၁ ဦး၊ အီတလီ ၂ ဦး၊ ဘယ်လ်ဂျီယံ ၁ ဦး၊ ဘရာဇီးလ် ၁ ဦး၊ တောင်ကိုးရီယား ၁ ဦး၊ နော်ဝေး ၁ ဦးနှင့် ကင်ညာ နိုင်ငံသား တစ်ဦးတို့ ဖြစ်ကြသည်။

သူတို့အား ဖေဖော်ဝါရီ ၂၃ ရက် ယနေ့နံနက် ၁၁ နာရီတွင် အိုကီးယား မြို့နယ် မြန်မာနိုင်ငံမှ ထွက်ပြေး ခိုလုံနေကြသည့် ဘင်္ဂလီ ဒုက္ခသည် စခန်း အနီးတွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရခြင်းမှာ လိုအပ်သည့် ပတ်စ်ပို့ အပြင် အထောက်အထား စာရွက် အပြည့်အစုံ မပြနိုင်၍ ဖမ်းဆီးခြင်း ဖြစ်ကြောင်း ကော့စ်ဘဇား အခြေစိုက် အမှတ် (၇) တပ်ရင်းမှ မေဂျာ ရာဟု အာမိန်က ပြောသည်။

ဘင်္ဂလာဒေ့ရှ် အစိုးရအနေဖြင့် နိုင်ငံခြားသားများကို နိုင်ငံကူးလက်မှတ် ပတ်စ်ပို့နှင့် အလုပ်လုပ်ခွင့် ပါမိတ် ( Work Permit) မပါလျှင် ဒုက္ခသည်စခန်းသို့ ၀င်ရောက်ခွင့်ကို ပိတ်ပင်ထားသည်ဟု သိရသည်။

အထူးမှုခင်းနှိမ်နှင်းရေး တပ်ဖွဲ့ RAB မှ ၎င်းနိုင်ငံခြား ၁၁ ဦးကို အိုကီးယားရဲစခန်းသို့ လွဲပြောင်းလိုက်ပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

၎င်းတို့သည် ဒက္ကားနှင့် ကော့စ်ဘဇားတို့တွင် တည်းခိုနေထိုင်ခဲ့သူများ ဖြစ်ကြပြီး ၎င်းတို့အား သံသယဖြစ်ရာမှ နံနက် ၇ နာရီခန့်ကတည်းက အထူးမူခင်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များက နောက်ယောင်ခံလိုက်နေခဲ့ပြီး နံနက် ၁၁ နာရီတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့အနေဖြင့် ၎င်းတို့နှင့် ပတ်သက်ပြီး ဆောင်ရွက်ရေး အတွက် အထက်အာဏာပိုင်များထံမှ အမိန့်ကို စောင့်ဆိုင်းနေကြာင်း သတင်းတွင် ဖော်ပြထားသည်။

Narinjara
https://www.facebook.com/Narinjara
ဗြိတိန်အပါအ၀င် နိုင်ငံခြားသား ၁၁ဦး နယ်စပ်ဘင်္ဂလီဒုက္ခသည်စခန်းအနီးတွင် ဖမ်းဆီးခံရ ဗြိတိန်အပါအ၀င် နိုင်ငံခြားသား ၁၁ဦး နယ်စပ်ဘင်္ဂလီဒုက္ခသည်စခန်းအနီးတွင် ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 09:14 Rating: 5
Powered by Blogger.