ကျိုင်းတုံမြို့ ၌ မီးလောင်မှု ဖြစ်ပွားရာမှ လူတစ်ဦးသေဆုံး


ရှမ်းပြည်နယ် ကျိုင်းတုံမြို့၊ ရပ်ကွက်(၅)၊ နောင်ဖာရပ်၊(နေအိမ်)တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ယနေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့် က မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ်တစ်လုံး ဆုံးရှုံးပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။

အဘိုး၊ အဘွား(၂)ဦးသာနေထိုင်သည့်နေအိမ်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နေအိမ်တစ်ခုလုံး ဆုံးရှုံးခဲ့ရသည်။ အဘိုး(ဦးစံဘော)အသက်(၆၇)နှစ်သည် မီးစလောင်မှုကိုမသိရှိဘဲ အိပ်မောကျနေပြီး မီးလောင်ကျွမ်း ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်။


သက်ဆိုင်ရာမှ အကြောင်းကြားမှုအရ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးခဲ့သော အဘိုးအို၏အလောင်းအား မိမိတို့အသင်းမှ အခင်းဖြစ်နေအိမ်သို့ သွားရောက်သယ်ဆောင်ပြီး ပြည်သူ့ဆေးရုံ
(ရင်ခွဲရုံ)သို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။ အဘွားအား သက်ဆိုင်ရာမှ ဆက်လက်ရှာဖွေနေဆဲဖြစ်ပါကြောင်း၊ မည်သို့စတင်လောင်ကျွမ်းမှုဖြစ်စဉ်တို့အား ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ကြောင်း နှလုံးလှပိုင်ရှင်များအသင်း၏ သတင်းဖော်ပြချက်အရ သိရပါသည်။

သစ်ထူးလွင်
ကျိုင်းတုံမြို့ ၌ မီးလောင်မှု ဖြစ်ပွားရာမှ လူတစ်ဦးသေဆုံး ကျိုင်းတုံမြို့ ၌ မီးလောင်မှု ဖြစ်ပွားရာမှ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 07:46 Rating: 5
Powered by Blogger.