လားရှိုးမြို့ရှိ ရိုးမဘဏ်၊ ဘဏ်ခွဲ (၁)အား အကြမ်းဖက်သောင်းကျန်းသူစိစစ်ဆဲအဖွဲ့က ဒေသန္တရမိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီး၊ ရိုးမဘဏ်ဝန်ထမ်း အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိ


နေပြည်တော် ၊ ဖေဖော်ဝါရီ - ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၂)ရပ်ကွက်၊ လမ်းမတော်လမ်းနှင့် ရွှေဘိုလမ်းဆုံရှိ ရိုးမဘဏ်၊ ဘဏ်ခွဲ(၁)၏ ဘေးဘက်ရေမြောင်းနေရာ၌ ယနေ့ညနေ ၄ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက်သောင်းကျန်းသူ စိစစ်ဆဲအဖွဲ့ထောင်ထားသည့် ဒေသန္တရမိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


ယင်းပေါက်ကွဲမှုကြောင့် ရိုးမဘဏ်ဝန်ထမ်း မစန္ဒာထွန်း(၄၈နှစ်)နှင့် မမော်မော် (၃၉နှစ်) တို့ ၂ ဦးသေဆုံးခဲ့ပြီး ဘဏ်ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရိုးမဘဏ် အဆောက်အဦးအတွင်းပိုင်းနေရာများ၌ ပျက်စီးဆုံးရှုံးမှုများပြားခဲ့ကာ အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦများ တွင်လည်း ပျက်စီး ဆုံးရှုံးမှုများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

၎င်းပေါက်ကွဲမှုဖြစ်ပွားခဲ့သောနေရာသို့ ညနေ ၄ နာရီ ၄၇ မိနစ်ခန့်တွင် နယ်မြေခံ စစ်မြေပြင်အင်ဂျင်နီယာတပ်မှ မိုင်းရှင်းလင်းရေးအဖွဲ့များ၊ တိုင်းစစ်ဌာနချုပ်မှ နယ်လှည့် ဆေးကုသရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များက သွားရောက်၍ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကနဦးဆေးဝါး ကုသပေးမှုများဆောင်ရွက်ပေးခြင်း၊ CCTV မှတ်တမ်းများအား စစ်ဆေးခြင်းနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက် ပျက်စီးဆုံးရှုံးမှု စစ်ဆေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ ဒဏ်ရာရရှိသူများအား နယ်မြေခံတပ်မတော်ဆေးရုံမှ လူနာတင် ယာဉ်များဖြင့် လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ဒဏ်ရာရရှိ သူများအား ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
လားရှိုးမြို့ရှိ ရိုးမဘဏ်၊ ဘဏ်ခွဲ (၁)အား အကြမ်းဖက်သောင်းကျန်းသူစိစစ်ဆဲအဖွဲ့က ဒေသန္တရမိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီး၊ ရိုးမဘဏ်ဝန်ထမ်း အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိ လားရှိုးမြို့ရှိ ရိုးမဘဏ်၊ ဘဏ်ခွဲ (၁)အား အကြမ်းဖက်သောင်းကျန်းသူစိစစ်ဆဲအဖွဲ့က ဒေသန္တရမိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီး၊ ရိုးမဘဏ်ဝန်ထမ်း အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.