အမြန်လမ်း ဆောက်လုပ်ရေး ရှင်းလင်းဆောင် မီးလောင်ကျွမ်းမှု ဖြစ်ပွား


တံတားဦး ဖေဖော်ဝါရီ ၁၅

ကျောက်ဆည်ခရိုင် ၊ တံတားဦးမြို့နယ် ၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ကြီးကြပ်မှုအောက်ရှိ လေဆိပ်နယ် မြေရဲစခန်းအပိုင် ရန်ကုန်-မန္တလေးအမြန်လမ်း အရှေ့ဘက်မိုင်တိုင် ၃၅၂/၅နှင့်၆ အကြား အမြန်လမ်း ဆောက်လုပ်ရေးရှင်းလင်းဆောင်တွင် ယနေ့ နံနက်(၁၄)နာရီ အချိန်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်း အရှေ့ဘက်မိုင်တိုင် ၃၅၂/၅နှင့်၆ အကြား အမြန်လမ်း ဆောက်လုပ်ရေး ရှင်းလင်းဆောင် အိပ်ခန်းရှိ လျှပ်စစ်မိန်းပလပ်ခုံမှ အပူလွန်ကဲပြီး လျှပ်စစ်ဝါယာရှော့ ဖြစ်ရာမှ စတင်လောင်ကျွမ်းခဲ့ရာ ၃၅ပေx၂ဝပေ မြေစိုက်၊ထရံကာ၊သွပ်မိုး အဆောက်အဦး(၁)လုံး၊ အဲယားကွန်း(၁)လုံး၊ လျှပ်စစ်မီတာ(၁)လုံး၊စုစုပေါင်းတန်ဘိုး(၂ဝ၇၅ဝဝ)ကျပ်ခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့သည်။


အဆိုပါမီးလောင် ကျွမ်းရာသို့ တံတားဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မြင့်စိုးနှင့် တပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူအောင်နှင့် တပ်ဖွဲ့ဝင်များ မီးသတ်ယာဉ်(၅)စီးတို့ဖြင့် နံနက် (၂၅)နာရီအချိန်တွင် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက်(၂၈)နာရီအချိန် မီးငြိမ်းသွားသည်။ ထိုမီးလောင်း ကျွမ်းမှုကြောင့် လူနှင့်၊ကျွဲ၊နွား၊တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းသည့် အဆောက်အဦတွင် နေထိုင်သူ မီးအား ပေါ့ဆစွာ အသုံးပြုသူ ပျဉ်းမနား မြို့နယ်၊ ဘုရာတောင်ရွာ မအိအိမော်(၂၂)နှစ်၊ (ဘ)ဦးဖိုးဆန်း နေ့စား ဝန်ထမ်းအား လေဆိပ်နယ်မြေ ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အမြန်လမ်း ဆောက်လုပ်ရေး ရှင်းလင်းဆောင် မီးလောင်ကျွမ်းမှု ဖြစ်ပွား အမြန်လမ်း ဆောက်လုပ်ရေး ရှင်းလင်းဆောင် မီးလောင်ကျွမ်းမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 13:28 Rating: 5
Powered by Blogger.