လူမှုရေး ဖောက်ပြန် ခဲ့တဲ့ ဒုတိယ ဝန်ကြီးချုပ် နှုတ်ထွက်

လူမှုရေး ဖောက်ပြန်ခဲ့တယ်ဆိုတဲ့ သြစတြေးလျ ဒုတိယ ဝန်ကြီးချုပ်
လူမှုရေးဖောက်ပြန်တယ်ဆိုပြီး စွပ်စွဲ ခံနေရတဲ့ သြစတြေးလျ ဒုတိယ ဝန်ကြီးချုပ် ဘာနာဒီဂျိုက်စ်ဟာ မကြာခင် ရာထူးကနေ နှုတ်ထွက်တော့မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။

လာမဲ့ တနင်္လာနေ့မှာ ပါတီကနေပါ နှုတ်ထွက်စာတင်တော့မှာ ဖြစ်ပြီး သူဟာ အရင်တုန်းကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ နေရှင်နယ်ပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

အဲဒီ လူမှုရေး ဖောက်ပြန်တယ်ဆိုတဲ့ သတင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း သြစတြေးလျနိုင်ငံမှာ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ သတင်းလည်း ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် သူ့အကြောင်းပြောနေသံတွေဟာ ရပ်တန့်သွားတော့မှာဖြစ်ပြီး ဒါဟာ သူ့မိသားစုနဲ့ သူ့ရဲ့ အဖော်အသစ်အတွက်ကြောင့်လည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။

အိမ်ထောင်ရှင်ဖြစ်တဲ့ ဒုတိယ ဝန်ကြီးချုပ် ဂျိုက်စ်ဟာ ရုံးအဖွဲ့ဝင် အမျိုးသမီးတဦးနဲ့ ဖောက်ပြန်ခဲ့ပြီး အခြားအမျိုးသမီး တဦးကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
လူမှုရေး ဖောက်ပြန် ခဲ့တဲ့ ဒုတိယ ဝန်ကြီးချုပ် နှုတ်ထွက် လူမှုရေး ဖောက်ပြန် ခဲ့တဲ့ ဒုတိယ ဝန်ကြီးချုပ် နှုတ်ထွက် Reviewed by THITHTOOLWIN on 19:14 Rating: 5
Powered by Blogger.