ရုရှားတိုက်လေယာဉ်တစ်စီး ပစ်ချခံရ

ပစ်ချခံခဲ့ရတဲ့ ရုရှား တိုက်လေယာဉ်
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အစ်ဒလိဖ်မြို့အနီးမှာ ရုရှားတိုက်လေယာဉ်တစ်စီး ပစ်ချခံခဲ့ရတယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဂျီဟတ်အဖွဲ့နဲ့ မဟာမိတ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ တက်ခ်ရီဟာရစ် ရှောင်းက လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ အဲဒီ့အဖွဲ့က ပြောပါတယ်။

စောင့်ကြည်လေ့လာသူတစ်ချို့ကတော့ လေယာဉ်မောင်းသူကို လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အစောပိုင်းတုန်းက ပြောဆိုနေချိန်မှာပဲ သူအသတ်ခံခဲ့ရတယ်လို့ ရုရှားဖက်က ပြောဆိုခဲ့ပါတယ်။

ဒီလေယာဉ်ဟာ Su-25 တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး လေယာဉ်အပိုင်းအစတချို့ မီးလောင်ပျက်စီးနေတဲ့ ဗွီဒီယိုတွေကိုလည်း တွစ်တာလူမှုကွန်ရက်မှာ တင်ထားပါတယ်။

မြို့တော် အလာဘ်ပိုရဲ့ အဓိက မိန်းလမ်းမကြီးမှာ ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အနည်းဆုံး ဒေသခံ ၇ ဉီးရဲ့ ရုပ်အလောင်းတွေကို ကားတွေပေါ်ကနေ ပြီးခဲ့တဲ့ သောကြာနေ့က ဆွဲခေါ်သွားတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဆီးရီးယား အစိုးရဟာ ရုရှား စစ်လေယာဉ်တွေရဲ့ အကူအညီနဲ့ အစ်ဒလိဖ် ဒေသမှာ ထိုးစစ်တွေ ဆင်နေပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရုရှားတိုက်လေယာဉ်တစ်စီး ပစ်ချခံရ ရုရှားတိုက်လေယာဉ်တစ်စီး ပစ်ချခံရ Reviewed by THITHTOOLWIN on 09:21 Rating: 5
Powered by Blogger.