ပြုံချမ်းအိုလံပစ်ပိတ်ပွဲ မြောက်ကိုရီးယား ပါတီ ဒု-ခေါင်းဆောင်တက်မည်


တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ပြုံချမ်းဆောင်းရာသီအိုလံပစ် ပိတ်ပွဲတက်ဖို့ မြောက်ကိုရီးယားက ထိပ်တန်းကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ်လို့ တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးက ပြောပါတယ်။

အဖွဲ့ဝင် ၈ ယောက်ပါမယ့် မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို အာဏာရပါတီရဲ့ ဒုဥက္ကဌ ကင်မ်ယုံချို ဦးဆောင်မှာဖြစ်ပါတယ်။ သူဟာထောက်လှမ်းရေး အကြီးအကဲဟောင်းဖြစ်ပြီး ၂၀၁၀ ခုနှစ်က တောင်ကိုရီးယားက လုပ်ကြံမှုတခုအတွက် တာဝန်ရှိသူလို့ သတ်မှတ်ခံထားရတဲ့သူဖြစ်ပါတယ်။ တဘက်မှာလည်း တောင်-မြောက်ကိုရီးယား ဆက်ဆံရေးတာဝန်ခံလည်းဖြစ်ပါတယ်။

အိုလံပစ်ပိတ်ပွဲကို တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ပြီး၊ အဲဒီပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အကြံပေးလုပ်နေတဲ့ သမီးဖြစ်သူ အိုင်ဗန်ကာ ထရမ့် တက်ရောက်မှာဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားကိုယ်စားလှယ်နဲ့ အမေရိကန်ကိုယ်စားလှယ်တို့ တွေ့မယ်-မတွေ့ဘူးဆိုတာတော့ ခုချိန်ထိထုတ်ဖေါ်ပြောဆိုတာ မတွေ့ရသေးပါဘူး။

RFA Burmese
https://www.facebook.com/rfaburmese/
ပြုံချမ်းအိုလံပစ်ပိတ်ပွဲ မြောက်ကိုရီးယား ပါတီ ဒု-ခေါင်းဆောင်တက်မည်  ပြုံချမ်းအိုလံပစ်ပိတ်ပွဲ မြောက်ကိုရီးယား ပါတီ ဒု-ခေါင်းဆောင်တက်မည် Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.