စမ်းချောင်းမြို့နယ်မှာ အရွယ်မရောက်သေးသည့် ကလေးငယ်အား သားမယားပြုကျင့်သူကို အမှုဖွင့် စုံစမ်းလျက်ရှိ


နေပြည်တော်၊ ဖေဖော်ဝါရီ ၎

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၇ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်း မြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်နေ ဦး×××××၏ သမီးဖြစ်သူ မ×××××(၄)နှစ်အား ပန်းလှိုင်ဘူတာလျှောက်လမ်းပေါ်၌ ဦးခေါင်းပေါက်ပြဲ၊ မိန်းမကိုယ်တွင် သွေးထွက်ဒဏ်ရာများဖြင့် တွေ့ရှိကြောင်း အကြောင်းကြားချက်အရ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့်တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါသည်။

 ဖြစ်စဉ်အား စုံစမ်းမေးမြန်းရာ ဦး××××× သည် ဇနီးဖြစ်သူ ဒေါ်××××(၃၁)နှစ်နှင့် သားသမီး(၄)ဦးတို့နှင့်အတူ စင်္ကြန်၌ အိပ်နေစဉ် နံနက် ၃ နာရီ အချိန်ခန့်တွင် ခင်ပွန်းဖြစ်သူ ဦး××××× မှာ အလုပ်လုပ်ရန် ထွက်သွားကြောင်း၊ ၎င်းအချိန်၌ အမျိုးသားတစ်ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး ဒေါ်××××× အား လည်ပင်းညှစ်၍ အော်လျင် သတ်ပစ်မည်ဟုပြောဆိုကာ ခုံးတံတားအောက် ညောင်ပင်ဘက်သို့ ဆွဲခေါ်သွားစဉ် ခင်ပွန်းဖြစ်သူ ဦး××××× မှ တွေ့ရှိ၍ လိုက်သွားခဲ့ရာ ၎င်းအမျိုးသား(စိစစ်ဆဲ)မှာ ထွက်ပြေးသွားကြောင်း သိရသည်။

 နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် ဒေါ်××××× နှင့် ဦး ×××××× တို့မှ ၎င်းတို့အိပ်သည့် စင်္ကြန်သို့ ပြန်လာရာ အဆိုပါနေရာတွင် အိပ်ပျော်၍ ကျန်ရစ်ခဲ့သည် သားသမီး(၄)ဦး အနက် သမီးဖြစ်သူ မ××××× ကိုမတွေ့ရှိတော့သဖြင့် လိုက်လံရှာဖွေခဲ့ရာ မတွေ့ရှိကြောင်း သိရှိရသည်။

 ကျန်သားသမီး (၃)ဦးအား ဒေါ်××××× မိခင်ဖြစ်သူနေအိမ်သို့ ပို့ဆောင်၍ ပြန်လာစဉ် ကလေး(၁)ဦး ဒဏ်ရာများဖြင့် တွေ့ရှိသောကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသဖြင့် သွားရောက်ကြည့်ရှုရာ သမီးဖြစ်သူ မ×××××× ဖြစ်ကြောင်း တွေ့ရှိရသည်။

 မ××××× ၏ပြောပြချက်အရ မိခင်မရှိစဉ် အမျိုးသား(၁)ဦး(စိစစ်ဆဲ)မှ ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိရသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ သားမယားပြုကျင့်သူ(စိစစ်ဆဲ)အား စမ်းချောင်းမြို့မရဲစခန်း (ပ)၄၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅ ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။

သစ်ထူးလွင်
စမ်းချောင်းမြို့နယ်မှာ အရွယ်မရောက်သေးသည့် ကလေးငယ်အား သားမယားပြုကျင့်သူကို အမှုဖွင့် စုံစမ်းလျက်ရှိ စမ်းချောင်းမြို့နယ်မှာ အရွယ်မရောက်သေးသည့် ကလေးငယ်အား သားမယားပြုကျင့်သူကို အမှုဖွင့် စုံစမ်းလျက်ရှိ Reviewed by THITHTOOLWIN on 05:38 Rating: 5
Powered by Blogger.