မြန်မာလုပ်သားတွေအတွက် ထိုင်းကို AI တိုက်တွန်း


ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ ယောက်ကို Thammakaset Farm ကြက်သားထုတ်လုပ်ရေးကုမ္ပဏီက အသရေဖျက်မှုနဲ့တရားစွဲဆိုတဲ့အမှုကို ထိုင်းအစိုးရက လူသိရှင်ကြား ဆန့်ကျင်ကန့်ကွက်သင့်တယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် HRW- လူ့အခွင့်အဖွဲ့က ဒီလ ၇ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

အလုပ်ရှင်ကတရားစွဲတဲ့အမှုကို ဗန်ကောက်မြို့ ဒွန်မောင်းတရားရုံးမှာ ဒီလ ၇ ရက်နေ့က စတင်ကြားနာပြီး ပြစ်မှုထင်ရှားရင် အလုပ်သမားတွေဟာ ထောင်ဒဏ် ၁ နှစ် ကျခံရပါမယ်။

ကုမ္ပဏီက အလုပ်သမားအခွင့်အရေးချိုးဖောက်တာကို ထိုင်းငံမှာရှိတဲ့ လူ့အခွင့်အရေးအဖွဲ့တွေကို တင်ပြတဲ့ အလုပ်သမားတွေကို အသရေဖျက်မှုနဲ့ တရားစွဲဆိုတာလို့ HRW အာရှရေးရာညွှန်ကြားရေးမှူး Brad Adams ကပြောပါတယ်။

တနေ့ နာရီ ၂၀ အလုပ်လုပ်ရပြီး ရက် ၄၀ ဆက်တိုက်နားရက်မရှိလုပ်ရတဲ့အတွက် အလုပ်သမား ၁၄ ယောက်က ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၆ က တိုင်ကြားခဲ့ပါတယ်။ အနည်းဆုံးလုပ်ခလည်းမရ၊ အချိန်ပိုကြေးလည်းမရ၊ နိုင်ငံကူးလက်မှတ်ပတ်စ်ပို့စ်ကိုလည်း အလုပ်ရှင်က သိမ်းထားတယ်လို့ ဗြိတိန်အခြေစိုက် Global Meat အဖွဲ့က ပြောပါတယ်။

ဒိအတွက် အလုပ်သမားတွေကို ကုမ္ပဏီက လျော်ကြေးဒေါ်လာ ၅ သောင်းပေးဖို့ ထိုင်း အလုပ်သမားများအကာအကွယ်ပေးရေးနဲ့ လူမှုဖူလုံရေးဌာနက အမိန့်ချမှတ်ထားပေမဲ့ အလုပ်ရှင်က ဒါကို အယူခံဝင်လို့ အလုပ်သမားတွေ လျော်ကြေးမရသေးတဲ့ အပြင်ကုမ္ပဏီက အသရေဖျက်မှုနဲ့ တရားစွဲဆိုတဲ့အမှုကို ရင်ဆိုင်နေရတာပါ။

RFA Burmese
https://www.facebook.com/rfaburmese/
မြန်မာလုပ်သားတွေအတွက် ထိုင်းကို AI တိုက်တွန်း မြန်မာလုပ်သားတွေအတွက် ထိုင်းကို AI တိုက်တွန်း Reviewed by THITHTOOLWIN on 09:39 Rating: 5
Powered by Blogger.