YBS 20 ပေါ်ပါ အမျိုးသမီးများအပေါ် ရိုင်းစိုင်းစွာပြုမူပြောဆို ဆက်ဆံခဲ့သော cctv မှတ်တမ်း (ရုပ်/သံ)

ဇန်န၀ါရီလ ၂၅ ရက်နေ့ ယနေ့ နေ့လည် ဖြစ်ပွားခဲ့သော YBS 20 ပေါ်ပါ ခရီးသည်အချင်းချင်း ဖြစ်ပွားမှုအား ရှင်းလင်းတင်ပြပေးခြင်း

အမျိုးသမီးများအပေါ် ရိုင်းစိုင်းစွာပြုမူပြောဆိုဆက်ဆံခဲ့သော cctv မှတ်တမ်းပါ အမျိုးသားမှာ မိမိယာဉ်မောင်းနှင့် သိကျွမ်းမှုမရှိပါကြောင်းစစ်ဆေးချက်အရသိရှိခဲ့ပီး အဆိုပါအမျိုးသားမှ လာရောက်စကားပြောနေခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်...ယခုကဲ့သို့ ဖြစ်ပွားခဲ့သည့်အတွက် အဆိုပါ ခရီးသည်အမျိုးသမီးများအနေဖြင့် အမှုဖွင့်တိုင်ကြား လိုပါက မိမိတို့အနေဖြင့် အစွမ်းကုန် မှတ်တမ်းများနှင့်တကွ လိုက်ပါ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ထို့အပြင် မိမိတို့ ဝန်ထမ်းလည်းမဟုတ် မိမိတို့နှင့်သက်ဆိုင်ခြင်းမရှိသော အဆိုပါ ခရီသည်အမျိုးသား၏ ပြုမူပြောဆိုပုံမှာ မိမိတို့၏ ကုမ္ပဏီ ကို ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ ပြောဆိုခဲ့သည်ဟု ထင်မှတ်ရသောကြောင့် မိမိတို့အနေဖြင့်လည်း ဆက်လက်အရေးယူဆောင်ရွက်သွားရန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်....ခရီသွားပြည်သူများအကြား YBS 20 ကပင် ကျူးလွန်သည့်ပုံစံမျိုး ထင်ယောင်ထင်မှာ ပြောဆိုနေမှုများအတွက်လည်း ရှင်းရှင်းလင်းလင်း သိရှိနိုင်ပါရန် တင်ပြလိုက်ပါသည်ခင်ဗျာ....

YBS 20

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ