မောင်တောမြို့နယ်တွင် လောင်းလှေတစ်စီးပေါ်မှ ကာလတန်ဖိုး သိန်း တစ်ထောင်နီးပါးရှိ WYဆေးပြားများ ဖမ်းဆီးရမိ
ရခိုင်ဂေဇက်၊ ဇန်နဝါရီ ၁၆
မောင်တောမြို့နယ်၊ နတ်မြစ်ဝ၊ အကွာပြင်ဖြူချောင်းဝအရှေ့၊ တောင်ဘက်ကမ်းစပ်တွင် လောင်းလှေတစ်စီးပေါ်မှ ဇန်နဝါရီလ ၁၆ရက်နေ့ ၊ နံနက် ၆း၂၅အချိန်တွင် ကာလတန်ဖိုးသိန်း ၉၇၅၀၀၀၀၀ ရှိသည့် WYစာတန်းပါ အညိုရောင် စိတ်ကြွဆေးပြား ၄၈၇၅၀ပြား ဖမ်းမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မောင်တောမြို့နယ် ၊အမှတ် ၁အဝင်အထွက်စခန်း POEတံတားတွင် အခြေပြုနေသော ဓညဝတီရေတပ်စခန်းဌာနချုပ်လက်အောက်ခံ အကူရေယဉ်အုပ် ဗိုလ်ကြီးကျော်ဇော ဦးဆောင်သည့် အဖွဲ့နှင့် တပ်ကြပ် ဆန်းဝင်းကြည်ဦးဆောင်သော အဖွဲ့တို့သည် နတ်မြစ်အတွင်း ကင်းလှည့်စဉ်ရေယဉ် အရှေ့ဘက် ကိုက်၄၀၀ခန့်အကွာပြင်ဖြူပြင် ချောင်းဝ တောင်ဘက် ကမ်းစပ်တွင် မသင်္ကာဖွယ် လောင်းလှေ တစ်စီးကိုတွေ့ရှိရ၍သွားရောက်စစ်ဆေးရာမှ ဆာလာအိတ်နှင့်ထုတ်ထားသော WYဆေးပြားများအားဖမ်းဆီးရမိခြင်းဖြစ်ကြောင်းသိရသည်။
မသင်္ကာဖွယ် လောင်းလှေအားစစ်ဆေးရန်သွားရောက်စဉ်တွင် တရားခံများမှ ထွက်ပြေးသွားသောကြောင့် ဖမ်းဆီးရမိခဲ့ခြင်းမရှိဘဲမူးယစ်ဆေးဝါးများတင်ဆောင်ထားသည့် အလျား၂၀ပေ၊အနံ ၃ပေရှိလောင်းလှေနှင့် လှေပေါ်တွင်တင်ဆောင်ထားသောဆာလာအိတ်အတွင်းမှ WYစာ
တန်းပါ အညိုရောင် စိတ်ကြွဆေးပြား ၄၈၇၅၀၊ကာလတန်ဖိုး သိန်း၉၇၅၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား မူးယစ်တပ်ဖွဲ့သို့ လွှဲပြောင်းလိုက်ကြောင်းသိရသည်။
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
မောင်တောမြို့နယ်တွင် လောင်းလှေတစ်စီးပေါ်မှ ကာလတန်ဖိုး သိန်း တစ်ထောင်နီးပါးရှိ WYဆေးပြားများ ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
12:03
Rating:
