ရခိုင်ဂေဇက်၊ ဇန်နဝါရီ ၆
မောင်တောမြို့နယ် ၊ ငခူရ (ဘင်္ဂလီ) တောင် ရွာရှိ ကောက်ရိုးပုံ ထဲမှ ကာလ တန်ဖိုး သိန်း ၉၅၀ တန် ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဇန် နဝါရီ လ ၅ရက်နေ့၊ နေ့လည် ၃း၀၀ နာရီအချိန်က နယ်မြေမှူး ရဲမှူး အောင်ကျော်မြင့် နှင့် ပူးပေါင်းအဖွဲ့တို့မှ ပိုင်ရှင်မဲ့ သိမ်းဆည်းရ မိခဲ့ကြောင်းသိရသည်။
ုဖြစ်စဉ်မှာ ငခူရကျေးရွာအုပ်စု ၊ငခူရ (ဘင်္ဂလီ)တောင်ရွာနေ အဏ္ဍဝါဆာဒက် အသက် ၁၀နှစ်သည် ငခူရ(ဘင်္ဂလီ)တောင်ရွာ၏ မြောက် ဘက် မြေကွက်လပ်၌ ကစားနေစဉ် ကောင်ရိုးပုံထဲမှ အထုတ် တစ်ထုတ်တွေ့ရှိမှုကြောင့်ဦးလေးဖြစ်သူအား သွားရောက် ခေါ်ယူ ပြသခဲ့ရာ ဦးလေးဖြစ်သူ မာမွတ်ဇော်ကော်ရီရာမှ ငခူရကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဂျော်ဂျီအောင်ထံသို့ သွားရောက်သတင်းပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါသတင်းပေးချက်အရ နယ်မြေမှူး ရဲမှူး အောင်ကျော်မြင့်၊ငခူရကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့တို့မှ အဆိုပါ အထုတ်အား သွားရောက်ယူဆောင်၍ သက်သေ များရှေ့၌ ဖွင့်ဖောက်စစ်ဆေးရာ မှ WYနှင့်Rရောရာဆေးပြားများကို တွေ့ရှိရခြင်း ဖြစ်ကြောင်းသိရသည်။
ဆေးပြား အရေအတွက်မှာ WYနှင့်Rစာတန်းပါ ဆေးပြးနှစ်မျိုး စုစုပေါင်း ၄၇၅၀၀ရှိ ပြီး ကာလတန်ဖိုး သိန်းပေါင်း ၉၅၀တန်ဖိုးရှိပြီး ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သိမ်းဆည်းရမိခဲ့သော စိတ်ကြွမူးယစ်ဆေးဝါးများအား ငခူရ နယ်မြေ ရဲစခန်းတွင် ဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/