![]() |
Ve Ve အချိုရည် စက်ရုံက အလုပ်သမားတွေ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့က စက်ရုံရှေ့မှာ ဆန္ဒပြနေသည်ကို တွေ့ရစဉ်/ Photo: Khaymani Win/ RFA |
Ve Ve အချိုရည်စက်ရုံမှာ လုပ်သက်ခွင့် မရရှိတဲ့အကြောင်း ဆန္ဒပြ၀န်ထမ်း မဆွေဇင်မိုးက အခုလိုပြောပါတယ်။
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ယူနီဖောင်းတွေကို ပြောင်းလဲပေးဖို့၊ နားနေဆောင် တွေ ရရှိဖို့၊ ကုန်တင်ကုန်ချအလုပ်တွေကို အမျိုးသမီးဝန်ထမ်းတွေကို မခိုင်းဖို့၊ အလုပ်သမားဆန္ဒမပါဘဲ မြို့၊ ဌာနမပြောင်းရွေ့ဖို့၊ နှစ်တိုးကြေးတွေရရှိဖို့ စတဲ့ အချက်တွေကို တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
အခုလို အလုပ်သမားတွေ ဆန္ဒထုတ်ဖော်နေတာနဲ့ ပတ်သက်ပြီး Ve Ve အချိုရည်စက်ရုံထံ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် တာဝန်ယူ ဖြေကြားပေးမယ့်သူ မရှိခဲ့ပါဘူး။
အဲဒီစက်ရုံမှာ အလုပ်သမား ၅၀၀ လောက်ရှိပြီး တစ်လကို လစာ ငွေကျပ် တစ်သိန်းရှစ်ထောင် ရရှိကာ အချိန်ပို တစ်နာရီကို ငွေကျပ် ၉၀၀ ရရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
RFA Burmese
https://www.rfa.org/burmese
Ve Ve စက်ရုံ အလုပ်သမား ၈၀ ကျော် ဆန္ဒပြ
Reviewed by THITHTOOLWIN
on
19:21
Rating:
