ပြင်ဦးလွင်-မိုးကုတ်ကားလမ်း အနောက်ဘက် သပြေဒိုးကျေးရွာတွင် SSA(၀မ်ဟိုင်း)အဖွဲ့ဝင် ၅ ဦးအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
ပြင်ဦးလွင်-မိုးကုတ်ကားလမ်း အနောက်ဘက် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၏ အနောက်ဘက် ၂၄ မိုင်ခန့်အကွာ သပြေဒိုးကျေးရွာအတွင်း SSA(၀မ်ဟိုင်း)အဖွဲ့ဝင်များ နယ်မြေကျော်လွန်ရောက်ရှိနေကြောင်းသတင်းအရ နယ်မြေခံ တပ်မတော်စစ်ကြောင်းက ယနေ့(ဇန်န၀ါရီ ၁၀ရက်) နံနက် ၃ နာရီခွဲခန့်တွင် SSA (၀မ်ဟိုင်း)အဖွဲ့ဝင်များ ခိုအောင်းနေသည့် နေအိမ်အား ၀င်ရောက်ပိတ်ဆို့ရှာဖွေရာ နေအိမ်အတွင်းမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး အတင်းဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး SSA(၀မ်ဟိုင်း)အဖွဲ့မှ မြို့နယ်မှူးအဆင့်ရှိ စိုင်းမိုးအောင် အပါအ၀င်အဖွဲ့ဝင် ၅ ဦးကို လက်နက်ငယ် ၅ လက်၊ ကျည်အိမ် ၄ ခု၊ ကျည်မျိုးစုံ ၇၈ တောင့်၊ လက်ကိုင်ဖုန်း ၂ လုံး၊ Tablet ၁ လုံး၊ ဆက်ကြေးကောက်ခံရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိသူများ၊ လက်နက်/ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် စာရွက်စာတမ်းများအား နောင်ချိုမြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ-တပ်မတော်
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal
ပြင်ဦးလွင်-မိုးကုတ်ကားလမ်း အနောက်ဘက် သပြေဒိုးကျေးရွာတွင် SSA(၀မ်ဟိုင်း)အဖွဲ့ဝင် ၅ ဦးအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
19:48
Rating:
