နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ Shri Ram Nath Kovind နှင့် ဇနီးတို့မှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲတက်ရောက်


(၂၅-၁-၂၀၁၈၊ အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့)

အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် (၁၁၅၅)နာရီတွင် နယူးဒေလီမြို့ရှိ သမ္မတအိမ်တော် (Rashtrapati Bhavan) ၌ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ Shri Ram Nath Kovind နှင့် ဇနီးတို့မှ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများအား တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။


ယင်းနောက် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ Shri Ram Nath Kovind နှင့် ဇနီးတို့သည် နေ့လယ်စာ စားပွဲသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ နိုင်ငံအကြီးအကဲများနှင့် အမှတ်တရစုပေါင်း ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရပါသည်။

ဓါတ်ပုံ - သတင်းစဉ်
Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ