![]() |
Photo: Numaligarh Refinery Limited's facebook |
အရင်က NRL ကုမ္ပဏီဟာ မြန်မာနိုင်ငံကို ဒီဇယ်တွေ တင်ပို့နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒီဇယ် ဂါလံ ၁ သောင်း နဲ့ ရေနံဖယောင်း တန် ၁၀၀ မြန်မာနိုင်ငံကို တင်ပို့ခဲ့ပါတယ်။
NRL ကုမ္ပဏီရဲ့ အဆိုအရ အိန္ဒိယအစိုးရဟာ စီးပွာရေးမူဝါဒကို ပိုအားကောင်းလာစေရေး ကြိုးစားနေချိန်မှာ အခုလို စီးပွားရေးဆက်သွယ်မှု တိုးမြှင့်လာတာဟာ အရေးပါတဲ့အပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ NRL ကုမ္ပဏီဟာ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ရေနံဖယောင်းနဲ့ ဒီဇယ်တင်ပို့ပြီး ကုန်သွယ်မှု ချိတ်ဆက်ဆောင်ရွက်နေတာဖြစ်ပါတယ်။
မြန်မာနဲ့ အိန္ဒိယနိုင်ငံအကြား ကားလမ်း နဲ့ ရထားလမ်းတွေ ဆက်သွယ်လာတာဟာ နိုင်ငံတကာ ကုန်သွယ်မှု နိုးကြားလာမယ့် အလားအလာပါပဲလို့လည်း ပြောပါတယ်။
အရင်က မိုးရေး-တမူးလမ်းကနေ ဒီဇယ်တွေ တင်ပို့ခဲ့ပေမယ့် အဲဒီလမ်းက ရေနံဖယောင်းတင်ပို့တာတော့ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ NRL လို့ ကုမ္ပဏီက ပြောပါတယ်။ အရင်က ကုမ္ပဏီရဲ့ ပြည်ပပို့ကုန်တွေကို ကလကတ္တားဆိပ်ကမ်းကတဆင့် ရေလမ်းကနေ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
အာသံပြည်နယ် အခြေစိုက် NRL ကုမ္ပဏီက မြန်မာနိုင်ငံကို ရေနံဖယောင်း တင်ပို့
Reviewed by THITHTOOLWIN
on
10:39
Rating:
