![]() |
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပသော လွတ်လပ်ရေးအခမ်းအနား။ |
ဒီကနေ့ ရန်ကုန်မြို့ ပါတီဌာနချုပ်မှာ ကျင်းပတဲ့ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးဟာ မြန်မာတမျိုးသားလုံးရဲ့ အရေးဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီကြေညာချက်ကို ပါတီရဲ့ ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က ဖတ်ကြားခဲ့တာ ဖြစ်ပါတယ်။
အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ကတော့ ဒီရခိုင်အရေးဟာ ပါတီအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်တယ်လို့ ဆိုလိုက်ပြီး မြန်မာနိုင်ငံမှာ ဧည့်သည်အနေနဲ့ လာရောက် နေထိုင်တဲ့သူတွေအနေနဲ့ အချုပ်အခြာ အာဏာကို ထိပါးခွင့်မရှိသလို ဥပဒေတွေကို လေးစားလိုက်နာ ဖို့လိုတယ်လို့လည်း အခမ်းအနားမှာပြောဆိုလိုက်ပါတယ်။
လွတ်လပ်ရေးနေ့မှာ အခုလို ရခိုင်အရေးနဲ့ပတ်သတ်ပြီး အနောက်နိုင်ငံတွေ ဝေဖန်မှုဟာ အချုပ်အခြာ အာဏာကိုထိပါးလာမှုလို့ ထုတ်ဖော် ပြောဆိုတာနဲ့ပတ်သတ်ပြီး ပါတီအပေါ်မှာပါ ဖိအားတွေရှိလာနိုင်တယ်လို့ သုံးသပ်နေမှုတွေရှိပါတယ်။ လတ်တလော ရခိုင် အရေး NLD အစိုး ရကိုင်တွယ်မှုနဲ့ပတ်သတ်ပြီး အမေရိကန် အခြေစိုက် မူဝါဒရေးရာ Stimson Centre မှာ လေ့လာနေတဲ့ အမရသီဟကတော့ သုံးသပ်ပါတယ်။
ဒီကနေ့လုပ်တဲ့ အန်အယ်လ်ဒီပါတီက ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို ၈၈ မျိုးဆက်တွေ၊ ဖိတ်ကြားထားတဲ့ နိုင်ငံတကာ သံတမန်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေတက်ရောက်ခဲ့ပါတယ်။
မေခ / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ရခိုင်မြောက်ပိုင်း အရေး အချုပ်အချာ အာဏာစိန်ခေါ်မှု ဟု NLD ရှုမြင်
Reviewed by THITHTOOLWIN
on
20:07
Rating:
