အိန္ဒိယနိုင်ငံကို အစ္စရေးဝန်ကြီးချုပ် Netanyahu ချစ်ကြည်ရေးခရီး သွားရောက်

(အစ္စရေးဝန်ကြီးချုပ် Netanyahu နဲ့ အိန္ဒိယ၀န်ကြီးချုပ် မိုဒီ ကို တွေ့ရစဉ်) Photo: Benjamin Netanyahu (twitter)
အစ္စရေးဝန်ကြီးချုပ် Netanyahu နဲ့ ဇနီးတို့ဟာ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အစ္စရေး ခေါင်းဆောင်ရဲ့ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အဖြစ် တနင်္ဂနွေနေ့က ရောက်ရှိခဲ့ပါတယ်။

ဒီခရီးစဉ်ကနေ ကမ္ဘာစီးပွားရေး၊ လုံခြုံရေး၊ နည်းပညာနဲ့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတွေအတွက် အခွင့်အလမ်းတွေ ရရှိလာမှာဖြစ်တယ်၊ အိန္ဒိယ၀န်ကြီးချုပ် မိုဒီဟာ အစ္စရေးနိုင်ငံရဲ့ အနီးကပ်မိတ်ဆွေဖြစ်သလို ကျနော့်မိတ်ဆွေလည်းဖြစ်ပါတယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။

အလားတူ အိန္ဒိယ၀န်ကြီးချုပ်ကလည်း အစ္စရေးဝန်ကြီးချုပ်ရဲ့ ၅ ရက်ကြာ ဒီခရီးစဉ်ဟာ ထူးခြားတဲ့ သမိုင်းဝင်ခရီးစဉ်ဖြစ်ပါတယ်၊ ဒီခရီးစဉ်ကနေ ခိုင်မြဲတဲ့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ပြသပါတယ်လို့ သူရဲ့ Twitter မှာ ရေးသားပါတယ်။

၂၀၀၃ခုနှစ်က အစ္စရေးဝန်ကြီးချုပ် Areal Sharon အိန္ဒိယကို ပထမဆုံး လာရောက်ခဲ့ပြီးတဲ့နောက်၊ အခု Netanyahu ရဲ့ ဒီခရီးစဉ်ဟာ အစ္စရေးဝန်ကြီးချုပ်တစ်ဦးရဲ့ ဒုတိယမြောက် အိန္ဒိယခရီးစဉ်ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အိန္ဒိယနိုင်ငံကို အစ္စရေးဝန်ကြီးချုပ် Netanyahu ချစ်ကြည်ရေးခရီး သွားရောက် အိန္ဒိယနိုင်ငံကို အစ္စရေးဝန်ကြီးချုပ် Netanyahu ချစ်ကြည်ရေးခရီး သွားရောက် Reviewed by THITHTOOLWIN on 09:02 Rating: 5
Powered by Blogger.