Miss All Nations ပြိုင်ပ္ပွဲတွင် ရှမ်းအလှမယ် နန်းမွေခမ်း ဆုနှစ်ဆု ဆွတ်ခူး


နေပြည်တော် - ဇန်နဝါရီ ၁၉

တရုတ်နိုင်ငံ နန်ကျင်းမြို့၌ ဇန်နဝါရီ ၁၈ ရက် ညက ကျင်းပခဲ့သည့် Miss All Nations ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ရှမ်းတိုင်းရင်းသူလေး နန်းမွေခမ်း က Miss Eco Tourism ဆုနှင့်Miss Miaoyu ဆု နှစ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သည် Best in Talent ထိပ်ဆုံး ခြောက်ဦးစာရင်းဝင်အဖြစ် ရွေးချယ်ခံ ရပြီး ရှမ်းရိုးရာဝတ်စုံ National Costume ကြောင့် ပရိသတ်များအကြား ရေပန်းစား အားပေးခြင်းခံခဲ့ရကြောင်း စေလွှတ်ခဲ့သည့် Miss Goldenland Myanmar Organization မှ သိရှိ ရသည်။

Miss All Nations ပြိုင်ပွဲကြီး၏ ထိပ်ဆုံးလက်ရွေးစင် ၁၁ ဦး စာရင်းတွင် လည်းပါဝင်ခဲ့ပြီး Miss All Nations Organization ၏ Activity များနှင့် ပွဲအခမ်းအနားများကို ချစ်ကြည်ရေး သံတမန်တစ်ဦးအဖြစ် တက်ရောက်ရန် ထိပ်ဆုံးလက်ရွေးစင်များနှင့်အတူ တရုတ် နိုင်ငံတွင် ၁ဝ ရက်ကြာ ဆက်လက်နေထိုင် သွားရမည်ဖြစ်သည်။

သွန်းဝဿန်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Miss All Nations ပြိုင်ပ္ပွဲတွင် ရှမ်းအလှမယ် နန်းမွေခမ်း ဆုနှစ်ဆု ဆွတ်ခူး Miss All Nations ပြိုင်ပ္ပွဲတွင် ရှမ်းအလှမယ် နန်းမွေခမ်း ဆုနှစ်ဆု ဆွတ်ခူး Reviewed by THITHTOOLWIN on 12:32 Rating: 5
Powered by Blogger.