KIO ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲ အခမ်းအနား လိုင်ဇာမှာ ကျင်းပ

KIO ဥက္ကဌအဖြစ် တာဝန်ယူမယ့် ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို တွေ့ရစဉ်/ Photo: Htet Arkar/RFA
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဌ အဖြစ် တာဝန်ယူမယ့် ဗိုလ်ချုပ်ကြီး အင်ဘန်လကို ရာထူးလွှဲပြောင်းပေး အပ်တဲ့ အခမ်းအနားကို ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

KIO ဥက္ကဌ တာဝန်ယူမယ့် ဗိုလ်ချုပ်ကြီး အင်ဘန်လ အပါအ၀င် ရာထူးတာဝန် ၅ နေရာ အပြောင်းအလဲရှိခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှုးကြီး နော်ဘူက ပြောပါတယ်။

အရင်က ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဌ အဖြစ် လညော်ဇောင်းဟရား က တာဝန်ယူခဲ့တာဖြစ်ပါတယ်။

လက်ရှိ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဟာ UWSA "၀" ဦးဆောင်ပါဝင်တဲ့ ပြည်ထောင်စုနိုင် ငံရေး ဆွေးနွေးရေးကော်မတီမှာ FPNCC မှာ ဒုဥက္ကဌ တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က လမိုင်ဂွန်ဂျာက KIO အဖွဲ့အတွင်း လိုအပ်တဲ့အတွက် ရာထူး အပြောင်းအလဲတွေပြုလုပ်တာလို့ ယူဆကြောင်းနဲ့ ကချင်ပြည်သူတွေအနေနဲ့တော့ အကောင်းဆုံးလုပ်ဆောင်နိုင် မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း KIA လိုင်ဇာဌာနချုပ်အနီး၊ ကချင်ပြည်နယ် တနိုင်းဒေသနဲ့ ကချင်ပြည်နယ်က တချို့နေရာတွေမှာ အစိုးရတပ်မတော်နဲ့ KIA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
KIO ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲ အခမ်းအနား လိုင်ဇာမှာ ကျင်းပ KIO ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲ အခမ်းအနား လိုင်ဇာမှာ ကျင်းပ Reviewed by THITHTOOLWIN on 18:33 Rating: 5
Powered by Blogger.