![]() |
မြန်မာ့အဖိုးတန်သယံဇာတများနှင့် သစ်များ ခိုးဝှက်ထုတ်လုပ်ဆောင်ရွက်နေသည့် အဓိကလမ်းကြောင်း တစ်လျောက်ရှိ KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စခန်း များအား သိမ်းပိုက်ရရှိ |
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီး-ဂိုက်ထိပ်ဒေသအတွင်း KIAအကြမ်းဖက် သောင်းကျန်းသူများက မြန်မာ့အဖိုးတန်သယံဇာတများနှင့် သစ်များကို တစ်ဖက်နိုင်ငံသို့ တရားမ၀င်ခိုး ထုတ်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် မန်ဝိန်းကြီးကျေးရွာအုပ်စု၊ မံဂမ်ကျေးရွာ အနီးမှ KIAအကြမ်းဖက်သောင်းကျန်းသူများက တပ်မတော်၏ အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ရာတွင် အသုံးပြုသည့် ရဟတ်ယာဉ်တစ်စင်းအား ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရဟတ်ယာဉ်အနည်းငယ်ထိခိုက်ခဲ့သည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာနှင့် အနီး ပတ်ဝန်းကျင်တစ်ဝိုက် တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ KIAအကြမ်းဖက်သောင်းကျန်း သူများ၏ တရားမ၀င်မှောင်ခိုလုပ်ငန်းများ ဆောင်ရွက်နေသည့် စခန်းများအား တွေ့ရှိသိမ်းပိုက်ရရှိခဲ့သည်။
ဖြစ်စဉ်တွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ စတင်၍ နမ့်ခမ်းမြို့၏ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာ ဒေသအတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ ထိတွေ့မှုများဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီ ၃ ရက်အထိKIAဗအကြမ်းဖက်သောင်းကျန်းသူများ၏ စခန်းငယ် ၁၈ ခုအား သိမ်းပိုက် ရရှိခဲ့ပြီး ယနေ့တွင် အဓိကစခန်း ၄ ခုအား သိမ်းပိုက်ရရှိခဲ့သည်။
ဇန်န၀ါရီလ ၄ ရက်နေ့ နံနက်ပိုင်းမှစတင်၍ တပ်မတော်စစ်ကြောင်းများက KIAအကြမ်းဖက် သောင်းကျန်းသူများ၏ အဓိကစခန်းများအား လက်နက်ကြီးပစ်ကူယူတိုက်ခိုက်ခဲ့ရာ ခန့်မှန်းမြေပုံညွှန်း(LG-၃၈၇၂၆၄) (C4) တောင်ကုန်းအား နံနက် ၁၀ နာရီခွဲတွင် လည်းကောင်း၊ ခန့်မှန်းမြေပုံညွှန်း(LG-၃၈၆၂၆၂) (C3) တောင်ကုန်းအား ၁၁ နာရီခွဲတွင် လည်းကောင်း၊ ခန့်မှန်းမြေပုံညွှန်း(LG -၃၇၃၂၆၃ ) (C1) တောင်ကုန်းအား ညနေ၄ နာရီခွဲ တွင်လည်းကောင်း၊ ခန့်မှန်းမြေပုံညွှန်း(LG-၃၇၅၂၆၂) (C2) တောင်ကုန်းအား ညနေ ၆ နာရီတွင်လည်းကောင်း သိမ်းပိုက်ရရှိခဲ့သည်။
ဖြစ်စဉ်များတွင် ရန်သူ့ထံမှ အခိုင်အမာတည်ဆောက်ထားသည့် ကတုတ် ကျင်းများ၊ အဆောက်အဦများ၊ ဆက်ကြေးကောက်ခံရာတွင် အသုံးပြုသည့် ပြေစာ ဖြတ်ပိုင်းနှင့် လယ်ဂျာစာအုပ်များ၊ လက်နက်ငယ်များနှင့် ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ပြီး ရန်သူတချို့သေဆုံးခဲ့ကြောင်း သိရှိရ သည်။
ယခုကဲ့သို့ အဆိုပါစခန်းအား သိမ်းပိုက်ရရှိခြင်းအားဖြင့် မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်အတွင်းမှ တရားမ ၀င်ဖြတ်သန်း၍ မြန်မာ့အဖိုးတန်သယံဇာတများနှင့် သစ်များကို တစ်ဖက်နိုင်ငံသို့ တရားမ၀င်ခိုးထုတ်မည့် အဓိကလမ်းကြောင်းနေရာတစ်ခု အား ပိတ်ဆို့ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် တပ်မတော်စစ်ကြောင်း များက ဆုတ်ခွာ ထွက်ပြေးလျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများနောက်သို့လည်းကောင်း၊ အခြား တရားမ၀င်လမ်းကြောင်းများအပါအ၀င် အဓိကနေရာများအားလည်းကောင်း ဆက်လက် ဖော်ထုတ်ဆောင်ရွက် ဆဲဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
KIA စခန်းအချို့အား သိမ်းပိုက်ရရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်
Reviewed by THITHTOOLWIN
on
07:13
Rating:
