စိန်လုံပူးပေါင်းစစ်ဆေးဂိတ်၌ KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင် ၁ ဦး ဖမ်းဆီး ရမိ


နေပြည်တော်၊ ဇန်န၀ါရီ - ၃

ကချင်ပြည်နယ်၊ မိုးမောက်မြို့၏ အရှေ့ဘက် ၉ မိုင်ခန့်အကွာရှိ စိန်လုံပူးပေါင်း စစ်ဆေးဂိတ်တွင် တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးအား ဖမ်းဆီး ရ မိခဲ့သည်။


ဖြစ်စဉ်မှာ ပူးပေါင်းအဖွဲ့သည် လူ၊ ယာဉ် ၀င်/ထွက်မှုများအား စစ်ဆေးလျက်ရှိရာ မြစ်ကြီးနားဘက်မှ လွယ်ဂျယ် ဘက်သို့ မောင်းနှင်လာသော နှင်းတောင်တန်း ခရီးသည်တင် ယာဉ်အမှတ်၊ 1 M /----------- ပေါ်တွင် လိုက်ပါလာသည့် KIA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ အင်ခွန်တူးလွမ် (ဘ)ဦးအင်ခွန်ဂမ် မြစ်ကြီးနားမြို့နေသူကို ၎င်းင်း၏ ခရီးဆောင်အိတ်အတွင်းမှ KIA ယူနီဖောင်း ၂ စုံ၊ မိုင်း ထောင်ရာတွင် အသုံးပြုသည့် နိုင်လွန်ကြိုး၊ မိုင်းထောင်ငုတ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


အဆိုပါဖမ်းဆီးရမိသူနှင့် ဆက်စပ်ပစ္စည်းများအား ဗန်းမော်မြို့မရဲစခန်းသို့ လွှဲပြောင်း ၍ တရားဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
စိန်လုံပူးပေါင်းစစ်ဆေးဂိတ်၌ KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင် ၁ ဦး ဖမ်းဆီး ရမိ စိန်လုံပူးပေါင်းစစ်ဆေးဂိတ်၌ KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင် ၁ ဦး ဖမ်းဆီး ရမိ Reviewed by THITHTOOLWIN on 22:17 Rating: 5
Powered by Blogger.