မြစ်ကြီးနားမြို့တွင် KBZဘဏ် အနုကြမ်းစီးခံရ


မြစ်ကြီးနား ဇန်နဝါရီ ၂၃

မြစ်ကြီးနားမြို့၊ မြို့မဈေးကြီး ဈေး(၁) KBZ မီနီဘဏ်ကို ဇန်န၀ါရီ ၂၃ရက်ညနေ ၃နာရီခန့်တွင် အနုကြမ်း စီးခံရ၍ကျပ် သိန်း၉၀၀ကျော်ခန့်ပါသွားကြောင်း ကနဦးသတင်းရရှိသည်။

“ဘဏ်ထဲကCCTVတွေကို ဖျက်ဆီးသွားတယ် ဘေးဆိုင်က CCTVကကြည့်တာတော့ အသက်၂၅နှစ် အရွယ်ယောကျာင်္းလေး လေးယောက်တုတ်ဓါးလက်နက်တွေကိုင်ဆောင်ထားတယ် ပစ္စတိုသေနတ်တစ်လက် ကိုင်ထားတယ်လို့သိရတယ်။ သေနတ်က အစစ်လားအတုလားတော့ မသိရသေးဘူး ခုရဲတွေလာစစ်ဆေး နေပါတယ်” ဟု အဆိုပါဈေး၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ ဘဏ်ဝန်ထမ်းများ၏ ဖုန်းများရေစိမ်ထားခဲ့ပြီး အပြင်မှတံခါးများအားသော့ခတ်ထားခဲ့ပါကြောင်း တာဝန်ရှိသူရဲအရာရှိတစ်ဦးထံမှသိရှိရပြီး တရားခံဖမ်းဆီးနိုင်ရေးအပူ တပြင်းစုံစမ်းရှာဖွေလျက်ရှိသည်။

မီးမီး / EPN
https://www.facebook.com/epngnews/
မြစ်ကြီးနားမြို့တွင် KBZဘဏ် အနုကြမ်းစီးခံရ မြစ်ကြီးနားမြို့တွင် KBZဘဏ် အနုကြမ်းစီးခံရ Reviewed by THITHTOOLWIN on 17:52 Rating: 5
Powered by Blogger.