အသက်မပြည့်သေးတဲ့ မြန်မာ မိန်းခလေးတဦး ကို ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့တဲ့ ဘန်ကောက်မြို့ က ဗစ်တိုးရီးယား အနှိပ်ခန်းအား (DSI)၀င်ရောက်ဖမ်းဆီး

ဘန်ကောက်မြို့ က ဗစ်တိုးရီးယား အနှိပ်ခန်းအား အထူးစုံးစမ်းစစ်ဆေးရေး အဖွဲ့ ဝင်များ (DSI)၀င်ရောက်ဖမ်းဆီး
12January 2018

အသက်မပြည့်သေးတဲ့ မြန်မာ မိန်းခလေးတဦး ကို ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့တဲ့ Victoria secret ရေချိုး အနှိပ်ခန်းကို ဇန်န၀ါရီလ ၁၂ ရက်နေ့ ဒီကနေ့ နေ့ လည်ပိုင်းက ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) နဲ့ အတူ အမျိုးသမီးများ လူကုန်ကူးမှု ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဝင်တွေ နဲ့  စစ်တပ် ပါဝင် တဲ့ ပူပေါင်းအဖွဲ့ တွေဟာ ဗစ်တိုးရီးယား အနှိပ်ခန်းကို ဖမ်းဝရမ်းနဲ့ အတူ ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။


ဘန်ကောက်မြို့  Rama 9 ဖလမ်(၉ ) Soonvijai ဆွိုင်ဝိကြိုင် လမ်းမှာ ဖွင့်လစ်ထားတဲ့ ဗစ်တိုးရီးယား အနှိပ်ခန်းပိုင်ရှင် လွန်စပ်အမွန် ၀ပ်ထနာစီရီ ( ကိုဖါးကြီး ဟု နာမည်တွင်နေသူ )ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအနှိပ်ခန်းမှာ အသက် ၁၂ နှစ်ကတဲ့က ရောင်းစားခံရတဲ့ မြန်မာ မိန်းခလေးတဦးက ထိုင်းအမျိုးသမီးအဖွဲ့ တွေကို တိုင်းတန်းချက်နဲ့ ခုလို အနှိပ်ခန်း ကို ၀င်ရောက်ဖမ်းဆီးခဲ့တာပါ။


ယခုဖမ်းလိုက်တဲ့ ပြည့်တန်ဆာ လုပ် ကိုင်နေသူ အမျိုးသမီး (၁၂၀) မှာအများစုဟာ သက်သေခံ အထောက်အထား မှတ်ပုံတင် မရှိကြဘူးလို့  သိရပါတယ်။
ထိုင်းနိုင်ငံမှာ မကြာခဏ ဆိုသလို ခုလိုအနှိပ်ခန်းတွေကို ၀င်ရောက် ဖမ်းဆီးခဲ့တာတွေရပေမယ့် တရားခံတွေ ဟာ အာမခံနဲ့ အပြင်ကနေ တရားရင်ဆိုင်နေပြီး အလုပ်ဟောင်းကိုပြန်လုပ်ကိုင်နေကြတာတွေ့ ရပါတယ်။


ဒီကနေ့ ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ဗစ်တိုးရီးယား အနှိပ်ခန်းမှာလည်း ယခင်အမှုဟောင်း ရှိနေသူ (၇)ဦးကို စစ်ဆေးတွေ့ ရှိခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖေါ်ပြနေပါတယ်။

Social Action for Children and Women - SAW

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ